AMD ဟာ CPU လမ်းပြမြေပုံကို ထုတ်ဖော်ပြသခဲ့ပြီး Zen 4 Raphael Desktop processor တွေဟာ ဒီနှစ်အတွင်း ထွက်ရှိလာမှာဖြစ်ကာ DDR5၊ PCIe 5.0 အထောက်အပံ့နဲ့ TDP 65 အထက်ရှိမှာဖြစ်ကြောင်းဆိုပါတယ်။
လမ်းပြမြေပုံအသစ်အရ laptop တွေအတွက် Dragon Range နဲ့ Phoenix series ဆိုပြီးထွက်မှာဖြစ်ကာ Dragon Range တွေက extreme gaming laptop တွေအတွက်နဲ့ Phoenix တွေက Thin & Light Gaming Laptop တွေအတွက်ရည်ရွယ်ထားတာဖြစ်ပါတယ်။ အဆိုပါ laptop processor တွေဟာ TDP 55Wအထက်နဲ့ 35-45W အသီးသီးရှိကြမှာဖြစ်ပါတယ်။
Dragon Range မှာ Mobile Gaming အတွက် နံပတ်တစ်ရွေးချယ်စရာ လို့AMD ကဆိုပြီး Zen 4 Core၊
မြင့်မားလှတဲ့ Cores၊ Thread နဲ့ Cache တွေကြောင့် Mobile PC တွေအတွက် creator နဲ့ productivity ပိုင်းမှာလည်း အမြင့်မားဆုံးစွမ်းဆောင်ရည်ရှိမှာပါ။ Zen 4 ဟာ desktop CPU တွေမှာဒီထက်ပိုစွမ်းအားမြင့်မားဖို့ဟာရှိပါတယ်။
Dragon Range နဲ့ Phoenix mobile processor တွေမှာ PCIe 5.0 နဲ့ DDR5/LPDDR5 memory ကိုအသီးသီး အထောက်အပံ့ပေးမှာဖြစ်ပါတယ်။
AMD ဟာ Zen 4 နဲ့အတူ laptop ဈေးကွက်မှာ လွှမ်းမိုးနိုင်ဖို့ကြံရွယ်နေပါတယ်။ အရင် AMD Laptop CPU တွေဟာ Desktop CPU တွေထက်စာရင် L3 Cache ပမာဏနည်းပါးတာကြောင့် ဂိမ်းကစားတဲ့အခါအကန့်အသတ်တွေရှိနေခဲ့ပါတယ်။ Zen 4 မှာ AMD Mobile CPU တွေဟာ L3 Cache ပိုမိုပါဝင်လာလိမ့်မယ်လို့ယူဆရပါတယ်။
လမ်းပြမြေပုံအရ AMD ဟာ Zen 4 နဲ့ ၂၀၂၃မှာ အောင်မြင်မှုရမယ်လို့ ယုံကြည်ထားပါတယ်။ Zen 4 ဟာ ထူးခြားတဲ့အရည်အသွေးတွေရှိနေလောက်ပြီး Intel အနေနဲ့ တန်ပြန်နိုင်စရာဖန်တီးထားလိမ့်မယ်လို့ယုံကြည်ရပါတယ်။
Source: OC3D
#EnThueTech
#News #CPU
0 Comments