ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သူ Elon Musk ဟာ လွန်ခဲ့တဲ့အပတ်တွေက နာမည်ကျော်လူမှုကွန်ယက်ဖြစ်တဲ့ Twitter ကို အမေရိကန်ဒေါ်လာ ၄၄ဘီလီယံနဲ့ဝယ်ယူဖို့သဘောတူညီချက်ရရှိခဲ့ပါတယ်။ ဒါပေမယ့် အခုဆိုရင်နောက်ဆုံးရရှိတဲ့သတင်းအရ Elon Musk ဟာ Twitter ပေါ်က အကောင့်တုတွေရဲ့ပမာဏအချက်အလက်တွေကိုမသိရသေးခင်ဝယ်ယူမယ့်ကိစ္စကို ခေတ္တရပ်ဆိုင်းထားလိုက်ပြီပဲဖြစ်ပါတယ်။ လွတ်လပ်စွာပြောဆိုခွင့်ကို အလေးပေးသူ Elon ဟာ သူ့အနေနဲ့ အဓိကဦးစားပေးရမယ့်အရာတစ်ခုက Twitter ပေါ်က spam bot တွေကိုဖယ်ရှားဖို့ဖြစ်ကြောင်းပြောဆိုခဲ့ဖူးသူပါ။ Elon Musk ဟာ သဘောတူညီချက်အရTwitter ကိုမဝယ်ယူဖြစ်ခဲ့ရင် စာချုပ်ဖျက်သိမ်းခ ဒေါ်လာ၁ဘီလီယံပေးဆောင်ရမှာဖြစ်ပါတယ်။
Source: Reuters
#EnThueTech
#News
0 Comments