ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA နဲ့ EA Sports ဟာ နှစ်ပေါင်း ၃၀နီးပါး ကာလရှည်ကြာပူးပေါင်းဆောင်ရွက်နေမှုကိုရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်းသိရပါတယ်။ လက်ရှိသဘောတူညီချက်အရ ဒီနှစ်ကာတာကမ္ဘာ့ဖလားပြီးဆုံးချိန်အထိဖြစ်ပေမယ့် နောက်နှစ်နွေရာသီ အမျိုးသမီးကမ္ဘာ့ဖလားအထိသက်တမ်းတိုးမြှင့်ထားပါတယ်။
ဒီလိုရပ်ဆိုင်းလိုက်တဲ့အတွက်ဂိမ်းဟာထူးထူးခြားခြားပြောင်းလဲသွားမှာမဟုတ်ပဲ ကလပ်နဲ့ကစားသမားတွေကိုသီးခြားလိုင်စင်ယူထားတာကြောင့် ပုံမှန်အတိုင်းကစားလို့ရနေမှာပါ။ ဒါပေမယ့် FIFA ကကျင်းပတဲ့ ကမ္ဘာ့ဖလားလိုပွဲတွေတော့ပါဝင်တော့မှာမဟုတ်ပါဘူး။ EA Sports နဲ့ FIFA ပူပေါင်းမှုက ပြီးခဲ့တဲ့နှစ်နှစ်ဆယ်ကျော်အတွင်း FIFA ဂိမ်းကိုဒေါ်လာ ၂၀ဘီလီယံလောက်ရောင်းချခဲ့ရပါတယ်။ သဘောတူညီချက်ပျက်ပြယ်ရတဲ့အကြောင်းတစ်ခုကတော့ EA Sports ကနေ FIFA ကိုပေးနေကြနှစ်စဉ်ကြေးဒေါ်လာ သန်း၁၅၀ထက် ၂ဆပိုလိုချင်ရာကနေညှိနှိုင်းမှုအဆင်မပြေဖြစ်ခဲ့တာလို့သိရပါတယ်။
ဒီလိုသဘောတူညီမှုပျက်ပျယ်သွားတဲ့အတွက် လာမယ့်စက်တင်ဘာမှာထွက်မယ့် ဂိမ်းဟာ နောက်ဆုံး FIFA ဂိမ်းဖြစ်လာမှာပါ။ စာချုပ်သက်တမ်းကုန်ဆုံးသွားတဲ့အခါ EA Sports FC ဆိုပြီးဆက်လက်ထုတ်ဝေမှာဖြစ်တယ်လို့သိရပါတယ်။
Source: The New York Times
#EnThueTech
#News
#Gaming
0 Comments