Subscribe Us

header ads

1050Ti ကဲ့သို့စွမ်းဆောင်ရည်ရှိသည့် RDNA2 Graphics အသုံးပြုလာမည့် AYANEO 2


Ryzen 7 6800U ဆိုတာ thin and light ကွန်ပြူတာတွေအတွက် အသစ်လွင်ဆုံး AMD processor ပါ။ ဒီ APU ဟာ 8 Cores 16 Threads ရှိပြီး 4.7GHz အထိ boost လုပ်ပေးနိုင်ပါတယ်။ ထပ်ပြီးဆိုရရင်ဖြင့် ဒီ APU မှာ Steam Deck လိုပဲ RDNA2 Graphics တပ်ဆင်ထားပါတယ်။


Ryzen 7 6800U မှာ ပါဝင်တဲ့ Radeon 680M ပါဝင်ပြီး Compute Unit 12 ခုပါတဲ့အတွက် Steam Deck ထက် ၅၀%ပိုများ ပါဝင်ပါတယ်။ Clock Speed ပိုင်းအနေနဲ့လည်း 2.2GHz အထိရှိကာ SteamDeck ထက် 600MHz ပိုများပါတယ်။ ဒါကြောင့် စွမ်းဆောင်ရည်ဟာ အကြမ်းအားဖြင့် ၂ဆလောက် (3.38 TFLOPS vs 1.6 TFLOPS) ပိုသာပါတယ်။ ကုမ္ပဏီရဲ့ CEO ကတော့ GTX 1050Ti လောက်စွမ်းဆောင်ရည်ရှိတယ်လို့ဆိုပါတယ်။


APU ဟာ 15W နဲ့ 28W အတွင်းရှိမှာဖြစ်ပြီး လိုအပ်သလိုချိန်ညှိနိုင်မှာပါ။ Handheld Gaming console ဆိုတာ docking station လိုမျိုး သို့ ပါဝါကြိုးတပ်သုံးချိန်စွမ်းဆောင်ရည်အပြည့်ရအောင်ဖန်တီးထားလေ့ရှိတာကြောင့် TDP တွေကိုချိန်ညှိခွင့်ပေးထားလေ့ရှိပါတယ်။


AYANEO 2 နဲ့ Metro Exodus၊ Cyberpunk 2077၊ Witcher 3၊ Elden Ring နဲ့ အခြားဂိမ်းတွေကိုစမ်းသပ်ကစားပြသွားပါတယ်။ မျက်နှာပြင်က frameless display ဖြစ်ကာ 1280×800 resolution ဖြစ်ပါတယ်။

Image: Videocardz




CEO Arthur Zhang က AYANEO 2 မှာ fingerprint module နဲ့ software အသစ်ကိုလည်းကြေညာသွားဖို့ရှိတယ်လို့ဆိုပါတယ်။ AYANEO 2 ကိုဒီနှစ်ကုန်မှာ ဖြန့်ချီမှာဖြစ်ပြီး အချိန်နဲ့ဈေးနှုန်းကိုတော့မသိရသေးပါဘူး။

Source: Videocardz

#EnThueTech
#News #Gears

Post a Comment

0 Comments