Nintendo ဟာ ၂၀၂၄ခုနှစ်လောက်မှာ Switch ကိုဆက်ခံမယ့် မျိုးဆက်သစ်လက်ကိုင်ဂိမ်းစက်ကိုဖန်တီးနေပုံရပါတယ်။ ဘာလို့လဲဆိုတော့ Nvidia ဟာ Game Console Developer Tools Engineer ရာထူးအတွက်ခေါ်ယူဖို့ပြင်ဆင်နေလို့ပဲဖြစ်ပါတယ်။ Nintendo ဟာ Nvidia ရဲ့ ချစ်ပ်တွေကို သူတို့ရဲ့ လက်ကိုင်ဂိမ်းစက်တွေမှာ ကာလရှည်ကြာထည့်သွင်းအသုံးပြုလာတဲ့ ဖောက်သည်ပါတယ်။ မျိုးဆက်သစ်လက်ကိုင်ဂိမ်းစက်မှာ Nvidia ဒီဇိုင်းထုတ်ထားတဲ့ Arm CPU နဲ့ Nvidia Graphics architecture အသုံးပြုပြီးသီးခြားဖန်တီးထားတဲ့ GPU ကိုအသုံးပြုလာဖွယ်ရှိနေပါတယ်။
Source: Techpowerup#EnThueTech
#News
0 Comments