Fall Guys ဂိမ်းဟာ လာမယ့် ဇွန်လ၂၁ရက်နေ့ကစပြီး free-to-play အဖြစ်ပြောင်းလဲသွားမှာဖြစ်ကာ Steam ပေါ်ကနေ Epic Games ကိုပြောင်းရွေ့သွားမှာဖြစ်ပါတယ်။ မနှစ်က Fall Guys ကိုရေးဆွဲတဲ့ Mediatonic ကို Epic Games က ဝယ်ယူမှုအပြီးမှာ Fall Guys အနေနဲ့ Rocket League လိုဖြစ်လာဖွယ်ရှိတယ်လို့ Gaming Bolt ကဆိုထားဖူးပါတယ်။ လက်ရှိဝယ်ယူထားသူတွေအနေနဲ့ Legacy Pack ရရှိမှာဖြစ်ပြီး cosmetics တွေနဲ့ Season Pass ကိုအခမဲ့ရရှိမှာပါ။ ကစားသူအသစ်တွေကတော့ Season Pass ကိုဝယ်ယူရမှာပါ။ Fall Guys ကို PS4၊ PS5၊ PC(Steam)၊ Xbox One၊ Xbox Series X နဲ့ Nintendo Switchတို့မှာကစားနိုင်ပါတယ်။ Fall Guys ကို လက်ရှိ Steamမှာ $19.99 နဲ့ရောင်းချနေတာဖြစ်ပါတယ်။
Source: Comicbook and PC Gamer
#EnThueTech
#News
0 Comments