ပြီးခဲ့တဲ့အောက်တိုဘာလကစပြီး အမေရိကန်ပြည်ထောင်စုဟာ တရုတ်နိုင်ငံကို ကျော်ဖြတ်ကာ ကမ္ဘာ့ crypto mining တူးတဲ့ ပထမနေရာကိုရယူလာနိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ crypto ငွေကြေးကိုပိတ်ပင်မှုတွေပြုလုပ်ခဲ့ပြီး ၂၀၂၁ ဇူလိုင်လမှာ crypto ငွေကြေးလွဲပြောင်းခြင်းတွေကိုလည်း တရားမဝင်ကြောင်းကြေညာခဲ့တာဖြစ်ပါတယ်။
ဒီလိုတရုတ်နိုင်ငံရဲ့ တင်းကျပ်မှုတွေကြောင့် ကမ္ဘာလုံးဆိုင်ရာ hashrate ဝေစုမှာ ၇၅%ရှိရာကနေ စက်တင်ဘာလမှာ သုံညအထိကျဆင်းသွားခဲ့ပါတယ်။ ဒါပေမယ့် Cambridge Center for Alternative Finance (CCAF) ရဲ့ နောက်ဆုံးထွက်အစီရင်ခံစာအရ ၂၀၂၁ခုနှစ် စက်တင်ဘာလကစပြီး တရုတ်နိုင်ငံမှာ crypto mining ဟာ ပြန်လည်ပေါ်ပေါက်လာတာတွေ့ရပါတယ်။
CCAF အဆိုအရ ဒီလိုပြန်လည်မြင့်တက်လာတာဟာ တရုတ်မှာ mining လုပ်သူတွေကိုစစ်ဆေးရှာဖွေတဲ့စစ်ဆင်ရေးတွေလျော့ကျသွားတာကြောင့်လို့ဆိုထားပါတယ်။ ဓာတ်အားလိုင်းမှလျှပ်စစ်ကိုအသုံးမပြုခြင်းနဲ့ သေးငယ်ပြီးပြန့်ကျဲနေတဲ့ mining စက်ရုံလေးတွေက အာဏာပိုင်တွေသတိမပြုမိအောင်ဖုံးကွယ်ခြင်းနည်းမှောင်ခို mining လုပ်သူတွေက အသုံးပြုနေကြတာပါ။
ဆိုလိုတာက တရုတ်နိုင်ငံအနေနဲ့ ဒီလိုလျော့ကျသွားတယ်ဆိုတာ miner တွေ ပုန်းကွယ်နေရလို့ဖြစ်ပါတယ်။ "နောက်ယောင်ခံလိုက်လို့မရနိုင်တဲ့ စက်ရုံတွေကို ရှာဖွေဖို့ သို့ အသစ်တည်ဆောက်ဖို့က အချိန်အတော်လေးပေးရတယ်။ ဖြစ်နိုင်တာက တရုတ်နိုင်ငံက minerတွေဟာ ဒီလိုအခြေအနေသစ်မှာ နိုင်ငံခြား proxy ကိုသုံးပြီး သူတို့လမ်းကြောင်းတွေကိုဖုံးကွယ်ကာ အာရုံလွဲထားကြပုံရတယ်" လို့ CCAF ကဆိုပါတယ်။
တရုတ်နိုင်ငံမှာ crypto currency ကိုပိတ်ပင်ထားတာကြောင့် တရုတ် crypto miner တွေဟာ အိမ်နီးခြင်းကာဇက်စတန်နိုင်ငံကိုရွေ့ပြောင်းပြီး mining စက်ရုံတွေတည်ဆောက်နေကြပါတယ်။ ဒါကြောင့် ပုံထဲမှာ ကာဇက်စတန်နိုင်ငံရဲ့ hashrate ဟာ သိသိသာသာတိုးတက်လာတာကိုတွေ့မြင်ရမှာဖြစ်ပြီး ၁၃.၂၂% ရှိပါတယ်။ ဒါပေမယ့် miner တွေက လျှပ်စစ်သုံးစွဲမှုများပြားလာတဲ့အတွက် နိုင်ငံအတွင်းလျှပ်စစ်ဓာတ်အားတွေပြတ်တောက်မှုဖြစ်ပွားခဲ့တာကြောင့် ကာဇက်စတန်အစိုးရကထိန်းချုပ်ဖို့ ပြင်ဆင်နေပြီးဖြစ်ပါတယ်။ ကာဇက်စတန်နောက်မှာ ကနေဒါက ၆.၄၈% ရှိပါတယ်။
အမေရိကန်ပြည်ထောင်စုမှာဆိုရင်ဝောာ့ ဂျော်ဂျီယာပြည်နယ်က hashrate အများဆုံး ၃၀.၈% နဲ့ဦးဆောင်နေပြီး သူ့နောက်မှာက တက္ကဆက်နဲ့ ကင်တက်ကီပြည်နယ်တို့ဖြစ်ကြပါတယ်။
Source: Techspot and BBC
#EnThueTech
#News
0 Comments