Subscribe Us

header ads

OLED လောကထဲဝင်ရောက်လာတဲ့ Acer Swift 3



Acer ဟာ မျက်နှာပြင် ၁၄လက်မနဲ့ OLED အသုံးပြုထားတဲ့ Acer Swift 3 အပါအဝင် productivity laptop ၃မျိုးကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီlaptop တွေမှာ premium laptop တွေမှာသာပါရှိတဲ့ feature တွေပါဝင်ပေမယ့် ဈေးက ဒေါ်လာ၁၀၀၀ အောက်နဲ့ရနိုင်ပါတယ်။ Swift 3 OLED ဇူလိုင်လလောက်မှာ $899.99 နဲ့ စတင်ရောင်းချဖွယ်ရှိပြီး 12th Gen H CPU၊ PCIe Gen 4 SSD နဲ့ LPDDR5 RAM ကို 16GBအထိပါဝင်လာမှာပါ။ OLED screen ဟာ 16:10 aspect ratio နဲ့ဖြစ်ကာ 2880 x 1800 resolution ရှိပါတယ်။ Acer ကတော့ VESA ရဲ့ DisplayHDR True Black 500 ကို certified ဖြစ်တယ်လို့ဆိုထားပါတယ်။

အရင် Acer Swift တွေလိုပဲ Swift laptop အသစ်မှာ အထူ၀.၇လက်မနဲ့ အလေးချိန် ၃.၀၉ပေါင်ရှိမှာပါ။ စွမ်းအင်သုံးစွဲမှုနည်းတဲ့ချစ်ပ်တွေနဲ့ဆိုရင် cooling သိပ်မလိုတာကြောင့် ပိုပေါ့လိမ့်မယ်လို့ယူဆမိပါတယ်။


Laptop တွေမှာ ကီးဘုတ်တွေက ပူတာထုံးစံဖြစ်ပါတယ်။ ဒါပေမယ့် Acer ဟာ ကီးဘုတ်ကအပူတွေကို ပုံမှန် laptop ကီးဘုတ်တွေထက် ၈% ကနေ ၁၀%အထိ အပူပိုစွန့်ထုတ်နိုင်အောင်ဒီဇိုင်းပြုထားတယ်လို့ဆိုပါတယ်။ သူပြောတဲ့ ပုံမှန် laptop ဆိုတာဘယ်ဟာတွေလဲဆိုတာတော့ မပြောသွားပါဘူး။

Acer ဟာ webcam ကိုလည်း 1080P အထိအသုံးပြုလာမှာဖြစ်ပြီး အလင်းရောင်ကောင်းစွာမရတဲ့နေရာမှာတောင်အဆင်ပြေပြေသုံးနိုင်မယ့် ကိုယ်ပိုင်နည်းပညာတွေအသုံးပြုထားပေးတယ်လို့ဆိုပါတယ်။

Acer ဟာ convertible laptop တွေဖြစ်တဲ့ Spin 3 နဲ့ Spin 5 ကိုလည်းမိတ်ဆက်ပေးခဲ့ပါသေးတယ်။ Spin 3 က Intel CPU 1080P touch screen အပြင် stylus တစ်ခုကိုလည်းစက်ထဲမှာထည့်သွင်းထားပါတယ်။


Spin 5 ကတော့ 12th Gen Intel Core i7၊ 16GB LPDDR5 နဲ့ 1TB PCIe Gen 4 SSD ပါဝင်ကာ စွမ်းဆောင်ရည်ပိုမြင့်မားပါတယ်။ သူ့ရဲ့ ၁၄လက်မ screen ဟာ 16:10 aspect ratio နဲ့ဖြစ်ကာ 2560 x 1600 resolution ရှိပါတယ်။ Spin 5 အတွက် Tablet Mode မှာ 4096 pressure sensitivity level ရှိတဲ့ ပြန်အားသွင်းလို့ရတဲ့ Stylus ကိုအသုံးပြုပေးထားပါတယ်။

Acer Spin 3 ရဲ့ ဈေးနှုန်းက $849မှစတင်မှာဖြစ်ပြီး Spin 5 ကတော့ $1349.99 လောက်ကစတင်မှာဖြစ်ကာ ဇူလိုင်လမှာစတင်ထွက်ရှိမှာပါ။

Source: Tom's Hardware

#EnThueTech
#News

Post a Comment

0 Comments