![]() |
Image: Habr |
လွန်ခဲ့တဲ့လအနည်းငယ်က ရုရှားယူကရိန်းစစ်ပွဲကြောင့် Intel နဲ့ AMD အပါအဝင်ကုမ္ပဏီအများစုဟာရုရှားကိုကုန်သွယ်မှုဖြတ်တောက်ထားကြပါတယ်။ ဒီလိုအကြီးဆုံး x86 ထုတ်လုပ်သူတွေစွန့်ခွာသွားတာကြောင့် ရုရှားနိုင်ငံရဲ့နည်းပညာတိုးတက်မှုကိုထိခိုက်စေခဲ့ပါတယ်။ ဒီပြဿနာကိုကျော်လွှားဖို့အတွက် ရုရှားဟာ တရုတ်ရဲ့ Zhaoxin x86 CPU ကိုအသုံးပြုမယ့်ပုံရပါတယ်။ ရုရှားနည်းပညာwebsite ဖြစ်တဲ့ Habr အဆိုအရ ရုရှားနည်းပညာကုမ္ပဏီ Dannie ဟာ Zhaoxin x86 CPU ထည့်သွင်းထားတဲ့ motherboard ကိုဖန်တီးထားတဲ့ပုံကိုတွေ့ရပါတယ်။
တိတိပပဆိုရရင် Dannie ကုမ္ပဏီဟာ BX-Z60A micro-ATX motherboard ကိုဖန်တီးထားပြီး LuJiaZui Microarchitecture ကိုအခြေခံထားတဲ့ Zhaoxin ရဲ့ 8 Cores KaiXian KX-6640MA SOC ကိုထည့်သွင်းထားဝာာဖြစ်ပါတယ်။ ဒီ Zhaoxin ရဲ့ ချစ်ပ်တွေဟာ VIA နဲ့ပူးပေါင်းထုတ်လုပ်ထားတာဖြစ်ပါတယ် ဒီအကြောင်းကို လွန်ခဲ့တဲ့ ၂၀၁၈တုန်းက တင်ခဲ့ဖူးပါတယ်။ အဆိုပါ SoC ဟာ 2.1~2.7GHz မြန်နှုန်းရှိကာ 4MB L2 cache၊ 16 lanes PCIE 3.0၊ integrated graphics နဲ့ 25W TDP ရှိတယ်လို့ဆိုပါတယ်။Motherboard မှာ DDR4 slot ၂ခု၊ PCIE ×16 connectors ၂ခု၊ M2 2280 နဲ့ 2230 အပြင် storage အတွက် SATA III connectors ၃ခုလည်းပါပါတယ်။ I/O အတွက် USB ports၊ Display Port၊ HDMI၊ VGA/D-Sub၊ GbE၊ 3.5mm audio နဲ့ PS/2 Port တွေပါပါတယ်။ မဆိုးလှပေမယ့် ဈေးနှုန်းဘယ်လောက်ရှိမလဲဆိုတာမသိရသေးပါဘူး။ KaiXian KX-6640MA SOC ပါဝင်တဲ့ motherboard တွေဟာဈေးသက်သာမှာမဟုတ်ပါဘူး။ ရုရှားအစိုးရအနေနဲ့ ဒီလို SoC တွေကိုပုံမှန်အခြေအနေမှာသုံးနိုင်တယ်ဆိုပေမယ့် စွမ်းဆောင်ရည်မြင့်မားတဲ့ workload တွေအတွက် AMD နဲ့ Intel ကိုအစားထိုးဖို့မလွယ်ပါဘူး။
Source: Techpowerup and Tom's Hardware
#EnThueTech
#News #CPU
0 Comments