![]() |
Image: HPC |
လွန်ခဲ့တဲ့ ၂နှစ်လောက်ကစပြီး Top500 စာရင်းအရ ကမ္ဘာ့အမြန်ဆုံးစူပါကွန်ပျူတာကို ဂျပန်နိုင်ငံက A64X အခြေခံထားတဲ့ Fugaku က နံပတ်တစ်နေရာကနေ 442 petaflops နဲ့ဦးဆောင်ထားပါတယ်။ အခုဆိုရင် အမေရိကန်နိုင်ငံ Frontier စူပါကွန်ပျူတာဟာ 1.10 ExaFlops နဲ့ Linpack FP64 benchmark မှာအသာရခဲ့ပြီဖြစ်သလို အမြင့်ဆုံး 1.69 ExaFlops ရနိုင်တယ်လို့သိရပါတယ်။
Frontier စူပါကွန်ပျူတာမှာ အထင်ကြီးလောက်ဖွယ်ရာ spec တွေရှိနေပါတယ်။ သူ့မှာ cabinet ၇၄ခုပါဝင်ပြီး တစ်ခုခြင်းစီဟာ ပေါင် ၈၀၀၀ လောက်လေးကာ ၉၄၀၈ HPE Cray nodes တွေပါဝင်ပါတယ်။ Node တစ်ခုခြင်းစီကို AMD ရဲ့ Trento 7A53 Eypc CPU၊ AMD Radeon Instinct MI250X GPU ၄ခုနဲ့ 512GB DDR4 memory တွေပါဝင်ပါတယ်။ ဒါကြောင့် CPU Cores ပေါင်း ၆၀၂၁၁၂ခုနဲ့ 4.6 petabytes DDR4 memory ပါဝင်တယ်လို့ဆိုနိုင်ပါတယ်။ ထပ်ပြောရရင် GPU ပေါင်း ၃၇၈၈၈ မှာ ၈၁၃၈၂၄၀ Cores နဲ့ 4.6 petabytes HBM memory (128GB per GPU) ပါဝင်ပါတယ်။
Frontier ဟာ အခုလိုပထမနေရာကိုယူနိုင်လိုက်တဲ့အတွက် အမေရိကန်စူပါကွန်ပျူတာတွေဟာ အမြန်ဆုံးဆယ်ခုမှာ ပထမ၊ စတုတ္ထ၊ ပဉ္စမ၊ သတ္တမ နဲ့ ဆဌမ နေရာတွေကိုရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီဆယ်ခုမှာ ၅ခုဟာ AMD ကိုသုံးထားကြပြီး Intel ကတော့တစ်ခုသာပါဝင်ကာ သူကတော့တရုတ်နိုင်ငံရဲ့ Tianhe-2A ပဲထြစ်ပါတယ်။ သူ့မှာ Xeon E5-2692v2 Ivy Bridge CPU တွေကိုအသုံးပြုထားပါတယ်။
Frontier ဟာ ပထမဆုံး Exascale စူပါကွန်ပျူတာလို့ဆိုနိုင်ပေမယ့် တရုတ်နိုင်ငံရဲ့ Sunway Oceanlite နဲ့ Tianhe-3 တို့ဟာ Linpack benchmark မှာ 1.3 ExaFlops ကိုရခဲ့တာမို့ 1 ExaFlop ကိုကျော်လွန်ခဲ့ပြီးလောက်ပြီလို့ယူဆရပါတယ်။ ဒါပေမယ့် ဒီကွန်ပျူတာတွေဟာ Top500 စာရင်းမှာ တင်သွင်းခံရခဲ့ခြင်းမရှိပါဘူး။
Source: TechSpot
#EnThueTech
#News
#SuperComputers
0 Comments