Subscribe Us

header ads

PC မှာကစားနိုင်တော့မည့် Spider-Man အပါအဝင် အခြားဂိမ်းသတင်းတိုများ

Image: Playstation

Dragon Age ဂိမ်းအသစ် Dragon Age: Deadwolf

Bioware ရဲ့ RPG ဂိမ်းအသစ်ရဲ့အမည်ဟာ Dragon Age Deadwolf ဖြစ်ကြောင်းသိရပြီး နောက်နှစ်လောက်မှထွက်ရှိလာဖွယ်ရှိတယ်လို့သိရပါတယ်။

Image: OC3D

Steam ပေါ်ပြန်လည်အခြေချလာမည့် Call of Duty

ဒီနေ့မှာ Activision ဟာ သူတို့ရဲ့ Call of Duty ဂိမ်းအသစ်ဖြစ်တဲ့ Call of Duty: Modern Warfare 2 ကို Steam ပေါ်ပြန်လည်ပို့ဆောင်မှာဖြစ်ကြောင်းအတည်ပြုပေးခဲ့ပါတယ်။ မကြာခင်နှစ်တွေကထွက်ရှိခဲ့တဲ့ Call of Duty ဂိမ်းတွေဟာ Battle.net ပေါ်ကနေသာကစားခွင့်ရှိခဲ့တာပါ။

Image: OC3D


ဒါပေမယ့် Battle.net အကောင့်တော့ဆက်လက်လိုအပ်နေဖွယ်ရှိနေပါတယ်။ ဒါ့အပြင်အခြားသော Activision Blizzard ဂိမ်းတွေဟာလည်း Steam ပေါ်ကိုရောက်လာဖွယ်ရှိပါတယ်။

PC ပေါ်မှာ ကစားရတော့မယ့် Marvel's Spider Man

Sony ဟာ Spider-Man Remastered နဲ့ Spider-Man: Miles Morales တို့ကို PC မှာဒီနှစ်ထဲကစားလို့ရလာတော့မယ်လို့ အတည်ပြုလိုက်ပါတယ်။ PC Port အတွက် Insomniac Games နဲ့ Nixxes Software တို့ပူးပေါင်းဆောင်ရွက်သွားမှာပါ။

Image: OC3D

Spider-Man Remastered ကို ဩဂုတ်လ၁၂ရက်မှာ စတင်ဖြန့်ချီမှာဖြစ်ပြီး Miles Morales ကိုတော့ နှစ်ကုန်လောက်မှာကစားရဖွယ်ရှိပါတယ်။ ဂိမ်း၂ခုလုံးဟာ mouse/ keyboard controls၊ PC အသားပေး feature တွေ၊ graphics setting တွေနဲ့ ray traced reflection တွေကို အထောက်အပံ့ပေးသွားမှာပါ။

Resident Evil 4 Remake

နာမည်ကျော်ဂိမ်းတစ်ခုဖြစ်တဲ့ Resident Evil 4 Remake version ဟာ အမှန်တကယ်ထွက်ရှိလာတော့မှာဖြစ်ကြောင်း Capcom ကအတည်ပြုလိုက်ပါတယ်။ ဒီဂိမ်းကို console နဲ့ PC မှာ ၂၀၂၃ခုနှစ် မတ်လ ၂၄ရက်နေ့မှာ စတင်ကစားနိုင်မှာဖြစ်ပါတယ်။

Image: OC3D

မူလဂိမ်းအရသာမပျက်အောင်ဖန်တီးထားသလို ဇာတ်လမ်းကိုအနည်းငယ်အပြောင်းအလဲလုပ်မယ်လို့သိရပါတယ်။ ဒီဂိမ်းကို PC အတွက် Steam ကနေဖြန့်ချီသွားမှာပါ။

အသစ်ထွက်ရှိလာမယ့် Street Fighter 6

Capcom ဟာ သူတို့ရဲ့နာမည်ကျော် vs fighting ဂိမ်းတစ်ခုဖြစ်တဲ့ Street Fighter 6 ကိုနောက်နှစ်မှာထွက်ရှိလာတော့မှာဖြစ်ကြောင်းဆိုပါတယ်။

Image: IGN

ဂိမ်းကို ပုံမှန် Street Fighter ဂိမ်းတွေတစ်ယောက်ခြင်းဖိုက်တာအပြင် open world မှာ ဖိုက်ရမယ့်ပွဲတွေလိုက်ရှာကစားရမယ့် ဇာတ်လမ်းသွားစတိုင်ပုံစံ စတဲ့ပုံစံ၂မျိုးနဲ့ကစားနိုင်တယ်လို့ဆိုပါတယ်။ ဒီဂိမ်းကို PS4/PS5၊ Xbox Series X/S နဲ့ PC မှာထွက်ရှိလာမှာဖြစ်ပါတယ်။

Source: OC3D and Kotaku

Post a Comment

0 Comments