 |
Image: AYA NEO |
AYANEO ဟာ Handheld PC လောကမှာ ဈေးနှုန်းအရအသာရနေတဲ့ Steam Deck ကို အကျောပေးထားခဲ့နေရာက အခုဆိုရင် ဈေးနှုန်းသက်သာလှတဲ့ AYANEO Air Plus ကိုကြေညာလိုက်ပါတယ်။ AYANEO Air Plus ဟာ Steam Deck လိုပဲ Zen 2 CPU နဲ့ RDNA 2 Graphics ကိုအသုံးပြုထားပေမယ့် ဈေးနှုန်းက $289 သာကျသင့်မှာဖြစ်ပါတယ်။
 |
Image: AYA NEO |
AYANEO Air Plus ဟာ AMD ရဲ့ Mendocino APU အသစ်ကိုသုံးထားတာဖြစ်ပြီး Zen2 Cores RDNA 2 graphics 6in 1080P display နဲ့ MicroSD Card အပြင် ပုံမှန်သုံးနေကြ M.2 2280 SSD ကိုပါအထောက်အပံ့ပေးလာပါတယ်။ သူ့မှာ Windows OS, Steam OS နဲ့ အခြား Linux အခြေပြုOS တွေတင်သုံးနိုင်ပါတယ်။ ပုံမှာတော့ AYA Neo OS လို့ပြထားတာတွေ့ရပြီး Steam OS လို ဆင်တူတဲ့ OS ဖြစ်မယ်လို့ယူဆရပါတယ်။  |
Image: AYA NEO |
 |
Image: AYA NEO |
စိတ်မကောင်းစရာက AMD ဟာ သူတို့ရဲ့ Mendocino APU အကြောင်းကိုတရားဝင်မိတ်မဆက်ပေးရသေးတာဖြစ်ပြီး TSMC 6nm Process Node ကိုအသုံးပြုထားကာ Zen 2 Cores ၄ခု RDNA 2 graphics နဲ့ LPDDR5 Memory သုံးထားတယ်လို့သာသိရပါသေးတယ်။ Steam Deck နဲ့ ယှဉ်ရင်စွမ်းဆောင်ရည်ဘယ်လိုရှိမလဲဆိုတာထွက်လာမှပဲသိရမှာပါ။
AYA Neo Air Plus ကိုဘယ်တော့ရောင်းချမလဲဆိုတာမသိရသေးပဲ ဒီနှစ်ကုန် ဒါမှမဟုတ် နောက်နှစ်အစောပိုင်းထဲဖြစ်နိုင်ပါတယ်။
 |
AYANEO Air console, Image: Liliputing |
 |
Image: Videocardz
|
AYA Neo ဟာ AYA NEO Air နဲ့ Air Pro ကိုလည်းကြေညာသွားခဲ့ပြီး သူတို့မှာ 5.5in OLED Screen နဲ့ Zen 3 Cores နဲ့ Vega GPU တို့တွဲဖက်ထားတဲ့ AMD Ryzen 5000U ကိုအသုံးပြုထားပါတယ်။ ဈေးနှုန်းက အနိမ့်ဆုံး $549 ဖြစ်ပါတယ်။
 |
AYN Loki, Image: AYN |
liliputingရှေ့ရက်တွေမှာလည်း AYN ဟာ Intel CPU ကိုသုံးထားတဲ့ AYN Loki ကိုလည်းကြေညာခဲ့ပါသေးတယ်။ ဈေးနှုန်းက $300လို့သိရပါတယ်။
Source: OC3D, wccftech, liliputing and Videocardz
0 Comments