M.2 NVMe SSD တွေဟာအံ့မခန်းအမြန်နှုန်းရှိကြပါတယ် ဒါပေမယ့် ဒီထက်ပိုမြန်တဲ့ PCIe 5.0 SSD တွေဟာ ပိုမိုကြီးမားတဲ့ M.2 Slot ကိုလိုအပ်လာဖွယ်ရှိပါတယ်။
M.2 Driveတွေဟာ ပုံမှန်အားဖြင့် 2280 form factor နဲ့ဖြစ်ပါတယ်။ ဆိုလိုတာက အကျယ် 22mm နဲ့ အရှည် 80mm ကိုဆိုလိုခြင်းဖြစ်ပါတယ်။ ဒါပေမယ့် အကျယ် 12mm ကနေ 30mm နဲ့ အကျယ် 16mm ကနေ 110mmအထိရှိတဲ့ အခြားသော form factor တွေလည်းရှိနေပြန်ပါသေးတယ်။ PCIe 5.0 တွေအတွက်က 251100 form factor ဟာ ပုံမှန်အရွယ်အစားဖြစ်လာဖွယ်ရှိနေပါတယ်။
Techpowerup ရဲ့ သတင်းတွေအရ Gigabyte ရဲ့ X670 နဲ့ X670E motherboard တွေ၂ခုလုံးမှာ M.2 slot တွေကို 25110 form factor အထိအထောက်ပံ့ပေးလာလာတွေ့ရပါတယ်။ Motherboard တစ်ခုမှာနေရာက အကန့်အသတ်ရှိတာမို့ ထုတ်လုပ်သူတွေက မလိုအပ်ပဲ မထည့်သွင်းထားဘူးလို့ယူဆရပါတယ်။
PCIe 5.0 drive တွေဟာ data transfer speed 14000MB/s လောက်အထိရှိနိုင်လို့သေချာပေါက် အပူပိုများနိုင်ပါတယ်။ ပိုမိုကြီးမားတဲ့ M.2 SSD တွေဟာ ထပ်ဆောင်းအအေးခံမှုကိုဆောင်ရွက်နိင်တာမို့ အမြန်ဆုံး SSD တွေအတွက် အသင့်လျော်ဆုံးဖြေရှင်းချက်ဖြစ်လာနိုင်ပါတယ်။
လွန်ခဲ့တဲ့ရက်တွေကကြေညာခဲ့တဲ့ Apacer ရဲ့ PCIe Gen 5 NVMe SSD တွေကတော့ ပုံမှန် 2280 form factor နဲ့ကြေညာထားတာတွေ့ရပါတယ်။
Source: PC Mag
#EnThueTech
#News
0 Comments