စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ ကြမ်းတမ်းလှတဲ့နေရာတွေမှာ အလုပ်လုပ်ကိုင်ရသူတွေအတွက် Panasonic ကထုတ်တဲ့ Toughbook တွေဟာ အလွန်နာမည်ကျော်ကြားလှပါတယ်။ အဆိုရင် Panasonic ဟာ Toughbook 40 အသစ်ကိုမိတ်ဆက်ပေးလိုက်ပါပြီ အကောင်းဆုံး Toughbook လို့ကြွေးကြော်ထားတဲ့ Toughbook 40 ဟာ လိုအပ်သလိုအဖြုတ်အတပ်လုပ်လို့ရတဲ့ modular laptop ဖြစ်ပါတယ်။
ကိုယ်ထည်ကို magnesium သတ္တုစပ်နဲ့တည်ဆောက်ထားပြီး ကြမ်းတမ်းလှတဲ့နေရာတွေအတွက် ရေဒဏ်ဖုန်ဒဏ်ခံနိုင်တဲ့ IP66 rating၊ အပူစိုထိုင်းစတုန်ခါမှုတွေအတွက် MIL-STD-810H နဲ့ ၁.၈မီတာကနေ ပြုတ်ကျတာကိုလည်းခံနိုင်ရည်ရှိတယ်လို့ဆိုပါတယ်။ ၁၄လက်မမျက်နှာပြင်နဲ့ Tough book 40 ဟာ ဖြုတ်တပ်လို့နေရာ ၇နေရာရှိပြီး ပုံစံအမျိုး၇၀ လောက်အထိပြောင်းလဲလို့ရတယ်လို့ Panasonic ကဆိုပါတယ်။ဘက်ထရီ၊ RAM နဲ့ SSD drives ကိုလွယ်လွယ်ကူကူဖြုတ်တပ်လို့ရတဲ့အပြင် ဘယ်ဘက်နဲ့ညာဘက်၊ အနောက်ဘက်နဲ့ palm-rest တို့မှာဖြုတ်တပ်ဖို့နေရာတွေရှိပါသေးတယ်။ အဆိုပါနေရာတွေမှာ အပိုဘက်ထရီ၊ SSD၊ optical drive၊ smart card reader၊ မျိုးစုံလှတဲ့ port တွေအပြင် fingerprint reader ကိုပါတပ်နိုင်ပါတယ်။ Panasonic အဆိုအရ ဘက်ထရီတစ်ခုနဲ့ ၁၈နာရီအသုံးခံပြီး ၂ခုတပ်သုံးမယ်ဆို ၂ဆပိုအသုံးခံမယ်လို့ဆိုထားပါတယ်။
3.35kg အလေးချိန်ရှိတဲ့ Toughbook 40 ဟာ Microsoft ရဲ့ Secured Core PC အမျိုးအစားဖြစ်ပြီး Windows 11 Pro နဲ့အတူ 11th Gen Intel Core i5 သို့ i7 vPro processor ကို 16GB RAM (64GB max) နဲ့ 512GB quick release SSD storage (2TB max) အသုံးပြုနိုင်မှာပါ။ Graphics ပိုင်းအနေနဲ့က UHD or Iris Xe Graphics တွေသာဖြစ်ပြီး display က pen လား၊ လက်ချောင်းလား၊ လက်အိပ်စွပ်ထားလား၊ ရေစိုနေတဲ့လက်လား စသဖြင့်ခွဲခြားသိနိုင်တဲ့ FHD touch screen ဖြစ်ကာ outdoor မှာ ကောင်းစွာသုံးနိုင်ဖို့ 1200nits brightness ရှိပါတယ်။
Source: ZDnet and Panasonic
#EnThueTech
#News
0 Comments