ပထမဆုံးတစ်ခုက AS2280F5 M.2 PCIe Gen 5 x4 SSD ဖြစ်ပြီး နောက်ဆုံးပေါ် NVMe 2.0 စနစ်ကို အထောက်အပံ့ပေးပါတယ်။ PCIe Gen 4 ကိုလည်းအထောက်အပံ့ပေးပြီး 13000MB/s read speed နဲ့ 12000MB/s write speed ရဖို့ကတော့ PCIe Gen 5 နဲ့ကိုက်ညီတဲ့ မားသားဘုတ်ကိုလိုအပ်မှာဖြစ်ပါတယ်။
နောက်တစ်ခုက Zadak TWSG5 Gen 5 x4 SSD ပါ။ သူက AS2280F5 နဲ့ read/write တွေအတူတူပဲဆိုပေမယ့် ultra-thin graphene နဲ့ aluminum ဆိုပြီး heatsink ၂မျိုးကိုရွေးချယ်ခွင့်ပေးထားပါတယ်။
ဈေးနှုန်းတွေကိုတော့မသိရသေးပေမယ့် ပုံမှန်အတိုင်းဆို အာမခံ၅နှစ်ပေးမှာဖြစ်ပါတယ်။ AMD ကတော့ မနေ့က PCIe Gen 5 SSD တွေဟာ Zen 4 ထွက်ရှိချိန်မှာတပါတည်းဝယ်ယူနိုင်မယ်လို့ဆိုခဲ့ပါတယ်။
Source: Techspot and We PC
#EnThueTech
#News
0 Comments