Subscribe Us

header ads

CPU အသစ် ၇မျိုးကြေညာလိုက်တဲ့ AMD



ဒီနေ့မှာ AMDဟာ ကျနော်တို့အရင်ကတည်းကကြားဖူးပြီးသားဖြစ်တဲ့ Ryzen 7 5800X3D အပါအဝင် ဈေးသက်သာတဲ့ desktop CPU ၇မျိုးကိုကြေညာလိုက်ပါတယ် ဒီထဲမှာ လူအများစောင့်မျှော်နေကြတဲ့ Ryzen 5 3600 လည်းပါဝင်ပါတယ်။

ဈေးသက်သာတဲ့ Ryzen 5000 CPU ၃ခု

Ryzen 7 5700X ဟာ 5800X ထက်စာရင် clock speed ပိုနည်းပြီး ကျန်တာတွေကအတူတူပါပဲ။ ဒါပေမယ့် TDP ကတော့ 105W ကနေ 65W အထိလျော့နည်းသွားပြီး base clock ဟာ 3.8GHz ကနေ 3.4GHz အထိလျော့ကျသွားသလို Boost Clock ဟာလည်း 4.7 GHz ကနေ 4.6GHz ကိုအနည်းငယ်ကျဆင်းသွားပါတယ်။

5700X ဟာ 5800X ထက်ဈေးပိုသက်သာမှာဖြစ်ကာ $300 နဲ့ရောင်းချပါမယ်။ ဒါကြောင့် 5700X ဟာ Intel ရဲ့ 12th Gen တွေနဲ့ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားလာမှာပါ။

Ryzen 5 5600 ကတော့ 5600X ကို base clock နဲ့ boost clock 200MHz လျော့ချထားတာဖြစ်ပါတယ်။ Ryzen 5 5600ကို $200 နဲ့ရောင်းချမှာပါ။

နောက်ဆုံး Entry CPU ကတော့ Ryzen 5 5500 ပါသူက Zen 3 ရဲ့ Vermeer die ကိုမသုံးထားပဲ Cezanne APU က die ကို iGP ပိုင်းကိုဖြတ်တောက်ထားတာဖြစ်ပါတယ်။ APU die ဖြစ်တဲ့အတွက် L3 Cache 16MB သာရှိမှာဖြစ်ပါတယ်။ Clock Speed အနေနဲ့ Boost Clock 4.2GHz သာရှိသလို PCIE 3.0 လည်း 20lanes သာပါပါတယ်။ Ryzen 5 5500 ကို $160 နဲ့ရောင်းချမှာဖြစ်ပါတယ်။

Ryzen 4000 Series CPU အသစ်များ

ဒါ့အပြင် Ryzen 4000 Series CPU အသစ်တွေကိုလည်းမိတ်ဆက်ပေးခဲ့ပါတယ်။ Ryzen 4000 ဖြစ်နေတယ်ဆိုတာက Zen 2 ကိုသုံးထားလို့ပါ။ ဒါပေမယ့် အပေါ်ကပြောခဲ့တဲ့ Ryzen 5 3600 CPU လိုပဲ ဒီ CPU အသစ်တွေဟာ Renior APU ကိုအခြေခံထားပါတယ်။


Ryzen 5 4600G ဟာ APU အစစ်ဖြစ်ပြီး iGP ပါဝင်ပါတယ်။ 6 Cores 12 Threads ရှိတဲ့ ဒီ CPU မှာ 8MB L3 Cache နဲ့ L2 Cache 3MB ပါဝင်ပါတယ်။ TDP 65 ရှိကာ Clock Speed အနေနဲ့ Base Clock 3.7GHz နဲ့ Boost Clock 4.2GHz ရှိပါတယ်။ Ryzen 5 4600G ရဲ့ ဈေးနှုန်းက $155ဖြစ်ပါတယ်။

Ryzen 5 4500 ဟာ iGP မပါတဲ့အမျိုးအစားဖြစ်ပြီး Clock Speed 100MHz လျော့နည်းကာ ဈေးနှုန်းက $125 လောက်ရှိပါမယ်။ Ryzen 3 4100ကတော့ $100သာရှိပြီး 4 Cores 8 Threads နဲ့ 4MB L3 Cache CPU ဖြစ်ပါတယ်။ Base Clock 3.8GHz နဲ့ Boost Clock 4.0 GHz ရှိကာ TDP 65W ဖြစ်ပါတယ်။

Ryzen 7 5800X3D

3D V-cache နဲ့ ပထမဆုံးပွဲထွက်လာတဲ့ Ryzen 7 5800X3D အကြောင်းကိုအရင်ကပြောထားခဲ့ဖူးပါတယ်။ သူက Ryzen 7 5800X ထက် Boost Clock 200MHz လျော့‌နည်းပေမယ့် များပြားလှတဲ့ L3 Cache 96MB ပါဝင်ပါတယ်။ Ryzen 7 5800X3D ကို $449 နဲ့ ဧပြီလ၂၀ရက်နေ့မှာရောင်းချမှာပါ။


Zen 3 CPU တွေကို 300 Series Motherboard မှာသုံးနိုင်မယ်

AMD ဟာ Ryzen 5000 CPU တွေကို မျိုးဆက်ဟောင်း 300 Series Motherboard မှာသုံးနိုင်ဖို့ BIOS update ထုတ်ပေးမယ်လို့ဆိုပါတယ်။ beta BIOS တွေက ဧပြီလထဲမှာထွက်လာမှာပါ။

Source: Techspot

#EnThueTech
#News #CPU


Post a Comment

0 Comments