Subscribe Us

header ads

Mac တွေအတွက် 20 Cores CPU နဲ့ RTX 3090 အဆင့် 64 Cores GPU ထည့်သွင်းထားတဲ့ Apple ရဲ့ M1 Ultra



Apple ဟာ သူ့ရဲ့ Apple Silicon နဲ့ Mac ရဲ့စွမ်းဆောင်ရည်ကိုနောက်တဆင့်မြှင့်တင်လိုက်ပါပြီ။ M2 chip ဟာ ပုံမှန်အားဖြင့်လက်ရှိM1 M1 Pro နဲ့ M1 Max ကိုအစားထိုးမယ့် ချစ်ပ်လို့ယူဆနိုင်ပေမယ့် တကယ်တမ်းထွက်လာတာက M1 Ultra ဖြစ်ပါတယ်။

M1 Ultra ဟာ Apple ရဲ့ နောက်ဆုံး‌ပေါ်အဆင့်မြင့်မားဆုံး SoC ဖြစ်ပြီး all-new Mac Studio Desktop အတွက်ဖန်တီးထားတာဖြစ်ပါတယ်။ မနှစ်က M1 Max ကိုကြေညာတုန်းက M1 Max SoC ၂ခုကိုပေါင်းစပ်လို့ရနိုင်ပြီး processor ၂ခုကြား bandwidth 2.5TB/sec ရှိ တဲ့ features ကိုချန်လှပ်ထားခဲ့ပါတယ်။


ဒါကို Apple က UltraFusion architecture လို့ခေါ်ဆိုပြီး စွမ်းအင်သုံးစွဲမှုနည်းပါးစွာနဲ့ဘယ်တုန်းကမှမရနိုင်ခဲ့တဲ့စွမ်းဆောင်ရည်ကို ရနိုင်မယ်လို့ဆိုပါတယ်။ ဒါကြောင့် နဂိုကတည်းက စွမ်းဆောင်ရည်ကောင်းပြီးသား M1 Max ထက် စွမ်းဆောင်ရည် ၂ဆတိုးလာမှာဖြစ်ပါတယ်။


ဆိုလိုတာက 20 CPU Cores (4 Efficiency Cores , 16 High Performance Cores ) အထိ၊ 64 GPU Cores အထိနဲ့ အမြင့်ဆုံးသုံးချင်သူတွေအတွက် 128GB unified memory အထိရနိုင်ပါတယ်။ Memory Bandwidth က စုစုပေါင်း 800G/sec ရှိလို့အတော်လေးများပြားသလို ထရန်စစ်စတာ အရေအတွက် ၁၁၄ ဘီလီယံမြင့်မားလာလို့ လက်ရှိမှာထိပ်ဆုံးပါပဲ။

စွမ်းဆောင်ရည်ပိုင်းနှင့်ပတ်သက်ပြီး Apple ရဲ့ M1 Ultra ဟာ Alder Lake Core i5-12600K (DDR5 memory နှင့်တွဲဖက်ထား) လို စွမ်းဆောင်ရည်ကို M1 Ultra ဟာ စွမ်းအင်သုံးစွဲမှု 65 ရာခိုင်နှုန်းလျော့နည်းကာ အသုံးပြုနိုင်တယ်လို့ Apple ကဆိုပါတယ်။



စွမ်း‌ဆောင်ရည်အပြည့်နဲ့ run တဲ့အခါ M1 Ultra ဟာ flagship Core i9-12900K နဲ့ ယှဉ်မယ်ဆိုရင် multi-core စွမ်းဆောင်ရည်ဟာ 90 ရာခိုင်နှုန်းပိုမိုမြင့်မားသလို စွမ်းအင်သုံးစွဲမှုဟာလည်း ၃ပုံ၁ပုံသာရှိတယ်လို့ဆိုပါတယ်။


Apple ဟာ M1 Ultra ရဲ့ 64-core GPU(8,192 execution units, 21 TFLOPs) အကြောင်းပြောရာမှာတော့ NVIDIA GeForce RTX 3090 ရဲ့တန်းတူစွမ်းဆောင်ရည်ကို 200W လောက် ပိုလျော့နည်းပြီး‌ ထုတ်ပေးနိုင်တယ်လို့ဆိုပါတယ်။




CPU နဲ့ GPU အတွက် ဒီလိုစွမ်းဆောင်ရည် ကိန်းဂဏန်းတွေဟာ အံ့မခန်းဖြစ်ပေမယ့် PC အသားပေး hardware တွေနဲ့နှိုင်းယှဉ်ရာမှာ Apple အသုံးပြုတဲ့ benchmark အချက်အလက်တွေသိရမယ်ဆိုရင်ပိုကောင်းပါလိမ့်မယ်။ ဒါမှ မားကတ်တင်းသက်သက်ပဲလား တကယ့်အကြမ်းဖြင်းစွမ်းဆောင်ရည် ဘယ်လောက်ရှိလဲဆိုတာ ဆုံးဖြတ်လို့ရနိုင်မှာ ဖြစ်ပါတယ်။

32-core Neural Engine ဟာ 22 trillionoperation per second ရှိပြီး မီဒီယာအင်ဂျင်စွမ်းဆောင်ရည်ဟာလည်း ယခင် flagship M1 Max နဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် နှစ်ဆတိုးလာတယ်လို့ဆိုပါတယ် ( M1 Ultra သုံးထားတဲ့ Mac Studio ဟာ 8K ProRes 422 ဗီဒီယို ၁၈ခုကို play back လုပ်နိုင်တယ်လို့ဆိုပါတယ်)။


စွမ်းပကားတွေ အလဟသမဖြစ်စေဖို့ API အားလုံးကို macOS Monterey မှာထည့်သွင်းလာမှာဖြစ်ပြီး developer တွေအနေနဲ့ CPU၊ GPU၊ Neural Engine နဲ့ memory bandwidth အားလုံးကို အပြည့်အဝအသုံးချနိုင်မှာဖြစ်တယ်လို့ Apple ကပြောကြားခဲ့ပါတယ်။

M1 Ultra ပါဝင်တဲ့ Mac Studioကို ကြိုတင်မှာယူနိုင်ပြီဖြစ်ကာ မတ်လ ၁၈ ရက်နေ့မှာ တင်ပို့ရောင်းချမှာပါ။

“M1 Ultra ဟာ Apple Silicon ရဲ့ နောက်ထပ်တစ်ဖန်ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုဖြစ်လာပြီး PC လောကကိုတုန်လှုပ်စေခဲ့ပါတယ်။ M1 Max die နှစ်ခုကို UltraFusion architecture နဲ့ ချိတ်ဆက်လိုက်ခြင်းက Apple Silicon ကို မကြုံစဖူး မြင့်မားတဲ့စွမ်းဆောင်ရည်ကိုပေးနိုင်ပါလိမ့်မယ်” လို့ Apple Hardware Technologies ရဲ့ အကြီးတန်းဒုတိယဥက္ကဋ္ဌ Johny Srouji က ပြောကြားခဲ့ပါတယ်။ "စွမ်းဆောင်ရည်မြင့်မားတဲ့ CPU၊ ကြီးမားတဲ့ GPU၊ မယုံနိုင်စရာ Neural Engine၊ ProRes Hardware Acceleration နဲ့ များပြားလှတဲ့ Memory တို့ကြောင့် M1 Ultra ဟာ တစ်ကိုယ်ရည်သုံးကွန်ပြူတာတစ်ခုအတွက် M1 အနွယ်ထဲက ကမ္ဘာ့အစွမ်းအကောင်းဆုံး ချစ်ပ်တစ်ခုအဖြစ် လိုအပ်သမျှ ဖြည့်ဆည်းပေးနိုင်ပါတယ်" လို့ဆိုပါတယ်။

Source: Tom's Hardware
Images Credit: Apple

#EnThueTech
#News #CPU

Post a Comment

0 Comments