အမည်ပြောင်းသွားတဲ့ AMD Software Adrenaline Edition
AMD ဟာ graphics driver အသစ်ဖြစ်တဲ့ AMD Software Adrenaline 22.3.1 ကိုထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ ယခင်က AMD graphics driver တွေကို Radeon Software Adrenaline လို့ပေးထားပေမယ့် အခုချိန်ကစပြီး AMD Software Adrenaline လို့ပြောင်းလဲလိုက်ပါတယ်။ ဒါ့အပြင်driver အသစ်မှာ AMD ရဲ့ Radeon Super Resolution (RSR) နဲ့ Radeon Image Sharpening (RIS) version အသစ်ကိုပါအထောက်အပံ့ပေးလာပါတယ်။ AMD Software Adrenaline 22.3.1 ကစပြီး driver တွေကို သီးခြားsection အလိုက် download ရယူကာ install လုပ်နိုင်တဲ့အတွက် ပိုပြီးအဆင်ပြေလွယ်ကူလာပါတယ်။Source: OC3D
0 Comments