Subscribe Us

header ads

Reviewer တွေကို စိတ်ကျေနပ်စေခဲ့တဲ့ Steam Deck


Steam Deck ဆိုတာ Valve ရဲ့ Linux အခြေခံထားတဲ့ handheld PC ပါ။ Steam Deck ဟာ ဒီလကုန်လောက်မှာ စတင်ထွက်ရှိလာမှာဖြစ်ပြီး Reviewer အချို့စီရောက်နေပြီလည်းဖြစ်ပါတယ်။


Steam Deck ကို AMD ရဲ့ Aerith APU ထည့်သွင်းထားတာဖြစ်ပြီး Zen 2 CPU၊ RDNA 2 Graphics နဲ့ 16GB LPDDR5 ပါဝင်ပါတယ်။ Zen 2 CPU ဟာ 4C/8T ဖြစ်ပြီး 2.4GHz Base Clock နဲ့ 3.5 GHz Boost Clock ရှိတယ်လို့သိရပါတယ်။ သူ့မှာပါတဲ့ GPU ဟာ RDNA 2 အခြေခံမို့လက်ရှိထွက်ထားတဲ့ portable gaming PC တွေထဲက Vega နဲ့ Xe GPU တွေထက်သိသိသာသာမြန်ပါတယ်။

စွမ်းဆောင်ရည်ပိုင်းမှာတော့ Reviewer တွေကို Linux အခြေခံ Steam OS ပေါ်မှာသာ ကစားခွင့်ပေးထားပြီး Windows ပေါ်ကစားခွင့်‌မပေးထားပါဘူး။ Devil May Cry 5 ကို Medium မှာ 60fps မကျပဲကစားနိုင်တာတွေ့ရပြီး Ghost Runner ဂိမ်းကို Ray Tracing ပိတ်ထားချိန် 64fps လောက်ရတယ်လို့ Gamer Nexus ကဆိုပါတယ်။ Control ဂိမ်းကိုတော့ Medium မှာ 36fps လောက်ရပြီး Forza Horizon 5 ကိုတော့ low setting မှာ 60fps အောက်မကျပဲကစားနိုင်တယ်ဆိုထားပါတယ်။

Steam Deck ရဲ့ ဘက်ထရီသက်တမ်းကို Valve က ၂နာရီကနေ ၈နာရီအထိရမယ်ဆိုထားပါတယ်။ ဒါပေမယ့် AAA ဂိမ်းတွေကစားရင် ဘက်ထရီဟာ တစ်နာရီခွဲလောက်သာခံတာတွေ့ရပါတယ်။ အကယ်၍ TDP တွေကိုအပြောင်းအလဲလုပ်ကြည့်ပြီး tweak လုပ်လိုက်မယ်ဆိုရင်တော့ ဒီထက်ပိုခံအောင်ကစားနိုင်မယ်လို့ဆိုကြပါတယ်။ Graphics မစားတဲ့ ဂိမ်းလေးတွေမှာ V-sync ဖွင်ထားရင် ၆နာရီလောက်ရတယ်ဆိုပါတယ်။

Valve

Steam Deck ဟာ အရွယ်အစားအနည်းငယ်ကြီးမားပြီး သူ့ရဲ့ပုံစံတူ handheld PC တွေဖြစ်တဲ့ AYA Neo တို့ GPD Win 3 တို့ထက်အနည်းငယ်ကြီးပါတယ်။ သူ့ရဲ့ button တွေကို Linus Tech Tips ကတော့ ချီးကျူးသွားပါတယ်။ Steam Deck မှာ Dual Analog Stick၊ D-pad၊ XYAB ခလုပ်တွေ နဲ့ တစ်ဖက်မှာ shoulder button ၂ခု၊ Xbox Elite Controller လို paddle ခလုပ်၄ခု နဲ့ Steam Controller လို haptic trackpad လေး ၂ခုလည်းပါဝင်ပါတယ်။ Valve က ဒီခလုပ်တွေကို customize လုပ်ခွင့်ပေးထားပါတယ်။ ဒါပေမယ့် Steam Deck မှာ နေရာအခက်အခဲရှိတာကြောင့် vibration motor တွေအစား haptic feedback သာပါလို့ ပုံမန် controller တွေလိုခံစားရမှာမဟုတ်ပါဘူး။

Valve

Screen က အလန်းကြီးမဟုတ်ပေမယ့် Linus ကတော့ indoor မှာ ultra dim လုပ်ပေးနိုင်တာနဲ့ Speaker တွေအသံ‌အတော်လေးကောင်းတာကိုသဘောကျတယ်လို့ဆိုပါတယ်။

Steam Deck ဟာ ဖေဖော်ဝါရီလ ၂၅ရက်နေ့မှာ စတင်ရောက်ရှိလာမှာဖြစ်ပြီး ဒီမတိုင်ခင် Windows ပေါ်မှာ ဘယ်လောက်ကောင်းကောင်းအလုပ်လုပ်သလဲဆိုတာသိရဦးမှာမဟုတ်ပါဘူး။ Epic Games ကတော့ သူ့ရဲ့ Fornite ဂိမ်းကို Steam Deck အတွက် Linux Version လုပ်ဖို့ စိတ်ဝင်စားဟန်မပြပါဘူး။ Steam Deck ဟာ $399ကနေစတင်ပြီး အမြင့်ဆုံးမှ $649သာကျသင့်မှာဖြစ်လို့ သူနဲ့ဆင်တူတဲ့ AYA Neo တို့ GPD Win 3 တို့ထက် အများကြီးပိုသက်သာတာမို့ စိတ်ဝင်စားစရာ gadget တစ်ခုလို့ပြောနိုင်ပါတယ်။

Ref: PC World, Linus Tech Tips and Gamer Nexus




Post a Comment

0 Comments