Subscribe Us

header ads

$1299 နဲ့ ရောင်းချမယ့် Alienware 34လက်မ QD-OLED monitor

Image: Alienware

တစ်ခါတစ်ရံမှာ အကောင်းဆုံးဆိုတဲ့ ပစ္စည်းတွေရဲ့ဈေးနှုန်းအင်မတန်ကြီးမြင့်ပါတယ်။ ဒါပေမယ့် Alienware ရဲ့ 34လက်မ QD-OLED monitor ကိုတော့ $1300အောက်နဲ့ မကြာခင်ဈေးကွက်ထဲရောက်လာတော့မယ်လို့ဆိုပါတယ်။

Alienware AW3423DW curved monitor ဟာ 3440×1400 resolution နဲ့ OLED အတွက်ဆိုနည်းတယ်ပြောနိုင်တဲ့ brightness 250 nits (peak 1000 nits)ရှိပါတယ်။ Refresh Rate က 175Hz ဖြစ်ပြီး G-Sync Ultimate badge ရထားတာပါ။ HDR ပိုင်းအနေနဲ့ DisplayHDR True Black 400 နဲ့ကိုက်ညီတယ်ဆိုထားပါတယ်။

ဒီ monitor ဟာ OLED ဖြစ်တာကြောင့် contrast ratio အလွန်မြင့်မားနေပြီး စစ်မှန်တဲ့ အနက်ရောင်ကို မြင်ရမှာဖြစ်သလို response time ကလည်း 0.1ms မို့ အရမ်းမြန်ပါတယ်။ ကာလပိုင်းမှာလည်း 99.3% DCI-P3 နဲ့ 149% sRGB ရှိတာမို့မခေပါဘူး။ သူ့ရဲ့ အဓိက features က OLED panel ပေါ်က Quantum Dot အလွှာဖြစ်ပါတယ်။



ဒီလို OLED monitor ကို Color တွေကောင်းလာစေဖို့ ဈေးကျလာဖို့ Samsung က OLED ထုတ်လုပ်ရေးအတွက် ဒေါ်လာ ၁၁ဘီလီယံ ရင်းနှီးမြုပ်နှံခဲ့တာကြောင့်ဖြစ်ပါတယ်။

Alienware AW3423DW QD-OLED monitor ကို အာမခံ၃နှစ်နဲ့ မတ်လ ၂၉ရက်နေ့မှာစတင်ရောင်းချမှာဖြစ်ပါတယ်။

Source: Tom's Hardware

Post a Comment

0 Comments