Twitter ပေါ်မှာ နာမည်ကြီး software တွေအကြောင်းစုံစမ်းရှာဖွေတင်ဆက်ပေးလေ့ရှိတဲ့ Albacore ဟာ Windows 11 မှာ ကြေညာထားခြင်းမရှိတဲ့ setting နဲ့ features ၃မျိုးအကြောင်းထုတ်ဖော်လိုက်ပါတယ်။ ဒါတွေကတော့ Substainablity၊ Focus(လက်ရှိ Focus Assist) နဲ့ Notifications တို့ပဲဖြစ်ပါတယ်။
ဒီ ၃မျိုးစလုံးဟာ Windows Setting အောက်မှာရှိနေမှာပါ။ ပုံထဲမှာပထမဆုံးတွေ့ရမှာက သစ်ရွက်ပုံလေးတွေနဲ့ Conserve Energy ပါ။ ဒီသစ်ရွက်လေးတွေမှာ အစိမ်းရောင်လေးတွေနဲ့ ဖြည့်သွင်းပြလာဖွယ်ရှိပြီး သင့်ကွန်ပျူတာရဲ့ Eco Score အဖြစ် ပြပေးနိုင်လာမှာပါ။
နောက်ထပ်မြင်ရမယ့် Screenshot ကတော့ Focus Assist ကို နာမည်ပြောင်းလာမယ့်Focus ပါ။ ဒါတင်မကသေးပါဘူး Focus ဟာ Clock ထဲက Setting တစ်ခုဖြစ်လာမှာဖြစ်သလို Focus ကို Outlook ကနေလည်းချိန်ညှိနိုင်လာပါမယ်။
Notifications တွေကတော့ System Setting ဘက်ကိုရွေ့လာမှာဖြစ်ပြီး ရှာဖွေချိန်ညှိရတာလွယ်လာပါမယ်။ ဘယ်ဟာကအရေးကြီးတဲ့ notifications လဲဆိုတာကိုသတ်မှတ်ပေးနိုင်ပါမယ်။
အပြောင်းအလဲများစွာပါဝင်တဲ့ Windows 11 Update ဟာ ဒီလထဲထွက်လာမှာဖြစ်ပြီး Media Player အသစ်၊ ပြင်ဆင်ထားတဲ့Notepad app နဲ့ တိုးတက်ပြောင်းလဲလာတဲ့ Taskbar တွေပါဝင်လာဖွယ်ရှိနေပါတယ်။
Source: Tom's Hardware
Images Credit: Albacore and Microsoft
0 Comments