Subscribe Us

header ads

Bungie ကိုဝယ်ယူလိုက်တဲ့ Sony

Bungie ဆိုတာ နာမည်ကျော် ဂိမ်းစတူဒီယိုတစ်ခုဖြစ်ပြီး Halo၊ Destiny စတဲ့ကမ္ဘာ့အကျော်ကြားဆုံးဂိမ်းအချို့ကို ရေးဆွဲပေးခဲ့သူပါ။

အခုဆိုရင် Bungie ကို Sony Interactive Entertainment ကနေ ဒေါ်လာ ၃.၆ဘီလီယံနဲ့ဝယ်ယူမယ်လို့ဆိုပါတယ်။ ဒါပေမယ့် ဒီလိုဝယ်ယူမှုကြောင့် Bungie ရဲ့ ဂိမ်းတွေကို platform exclusive လုပ်မှာမဟုတ်ပဲ platform အစုံမှာဆက်လက်ထုတ်လုပ်သွားမယ်လို့ဆိုပါတယ်။

ဝယ်ယူပြီးနောက်မှာ Bungie ဟာ Sony Interactive Entertainmentရဲ့ သီးခြားလွတ်လပ်တဲ့လုပ်ငန်းခွဲတစ်ခုဖြစ်လာကာ Pete Parsons ဦးဆောင်တဲ့ဘုတ်အဖွဲ့နဲ့ လက်ရှိအုပ်ချုပ်ရေးကလူတွေက လည်ပတ်မှာဖြစ်ပါတယ်။ 
Source: Playstation Blog and Polygon

Post a Comment

0 Comments