Image Credit: Craob |
Image Credit: Craob |
ဒီlaptop မှာ မကြာသေးခင်ကမှ ကြေညာသွားခဲ့တဲ့ စွမ်းအင်သုံးစွဲမှုနည်းပါးတဲ့ Intel Core i7-1280Pကို အသုံးပြုထားပါတယ်။ မျက်နှာပြင်အကျယ် 13.3in ရှိကာ 4K+ bezel-less screen ကိုအသုံးပြုထားပါတယ်။ ဒါပေမယ့် ဖုန်းတွေမှာလို punch hole ကင်မရာနဲ့ဖြစ်ပြီး MacBook Pro လို notch နဲ့မဟုတ်ပါဘူး။
Image Credit: Craob |
Memory ပိုင်းအနေနဲ့ 32GB DDR5အထိ၊ Storage အတွပ်2TB PCIE Gen 4 SSD အထိရနိုင်တယ်လို့ဆိုပါတယ်။ Wireless connection အတွက် အသစ်ထွက်တဲ့ Wifi 6E ကိုသုံးမှာပါ။
Image Credit: Craob |
Laptop ဟာ အထူ 7mm နဲ့ အလေးချိန် 1.9lb သာရှိလို့အလွန်ပါးလွှာပေါ့ပါးပါတယ်။ သူ့မှာ port ဆိုလို့ အားသွင်းဖို့ charging port တောင်မပါလာပါဘူး။ Port တွေကိုသုံးဖို့ရာအတွက် lid မှာကပ်ပြီးသုံးနိုင်တဲ့ magnetic wireless charger ပေါ်မှာသာရှိပါလိမ့်မယ်။ magnetic wireless charger မှာတော့
USB Type A/C၊ Thunderbolt၊ Minjack၊ SD Card Slot တွေပါဝင်တယ်လို့ဆိုပါတယ်။
Image Credit: Craob |
Image Credit: Craob |
Image Credit: Craob |
Craob Website အရ ဒီlaptop ဟာမကြာခင်ထွက်ရှိလာမှာဖြစ်တယ်ဆိုပေမယ့် ရက်အတိအကျနဲ့ဈေးနှုန်းကိုတော့ မတွေ့ရသေးပါဘူး။
Source: mylaptopguide, hothardware and videocardz
0 Comments