Subscribe Us

header ads

500Hz ရှိတဲ့ ကမ္ဘာ့အမြန်ဆုံး Gaming Monitor

image credit: Sina

တရုတ်မီဒီယာတစ်ခုဖြစ်တဲ့ Sinaက BOE ကုမ္ပဏီဟာကမ္ဘာ့ပထမဦးဆုံး 500Hz monitor ကိုဖန်တီးနိုင်ခဲ့ပြီလို့ဆိုပါတယ်။ အဆိုပါမော်နီတာဟာ မျက်နှာပြင် ၂၇လက်မ fullHD ဖြစ်ပြီး မြင့်မားတဲ့ refresh rate နဲ့ 1ms response time ရအောင် high mobility oxide backplane တပ်ဆင်ထားပါတယ်။

BOE ဟာ oxide semiconductor display နည်းပညာနဲ့ပတ်သက်ပြီး အတွေ့အကြုံများစွာရှိပါတယ်။ ဥပ‌မာဆိုရရင် သူရဲ့ 500Hz မော်နီတာဟာ ဈေးကွက်ထဲက gaming monitor တွေထက်အများကြီးပိုမြန်ပြီး လက်ရှိ Asus၊ Alienware နဲ့ Acer တို့မှာဆိုရင် အမြင့်ဆုံး 360Hz အထိသာရနိုင်ပါသေးတယ်။ ဒါ့အပြင် တိကျတဲ့ 8bit output နဲ့ 8-lane eDP လည်းပါဝင်ပါသေးတယ်။

ဒီမော်နီတာဟာ ရှေ့ပြေးပုံစံသာဖြစ်ပြီး သရုပ်ပြဖို့အတွက်သာဖြစ်ပါတယ်။ ဒီ 500Hz monitor ကို အမြောက်အမြားထုတ်လုပ်ဖို့ မဖော်ပြထားတဲ့အတွက် ဂိမ်းမာတွေလက်ထဲရောက်လာဖို့ အချိန်တစ်ခုတော့ စောင့်ရဖွယ်ရှိနေပါတယ်။

ဒီမော်နီတာကို လက်ရှိဝယ်ယူနိုင်ခဲ့ရင်တောင်မှ ဂိမ်းကစားသူတွေဟာ 500fps ထုတ်ပေးနိုင်မယ့် ကွန်ပြူတာကိုလိုအပ်မှာပါ။ စိတ်မကောင်းစရာက ဒီလိုမျိုးက တစ်ခါတစ်ရံမှသာဖြစ်နိုင်သလို အလယ်အလတ် graphics ရှိတဲ့ ပေါ့ပေါ့ပါးပါးesport ဂိမ်းတွေကစားနိုင်ဖို့‌‌တောင် Nvidia နဲ့ AMD တို့ရဲ့အကောင်းဆုံး graphics card တွေလိုအပ်မှာဖြစ်ပါတယ်။

ဒါပေမယ့်မော်နီတာတွေ ပိုမိုလျင်မြန်လာတာနဲ့အမျှ frame တစ်ခုနဲ့တစ်ခုအကြား အချိန်ကွာဟမှုနည်းလာကာ မော်နီတာက သင့်ကိုပုံရိပ်တွေမြန်မြန်ပြစေနိုင်ပြီး သင့်ကို input lag အပိုင်းမှာ သာလွန်ကောင်းမွန်စွာနဲ့ ဂိမ်းထဲကရန်သူတွေကို ဦးနှိမ်နိုင်စွမ်းပိုများလာမှာပါ။

Source: Tom's Hardware

Post a Comment

0 Comments