Epic Games ရဲ့ Year In Review အရ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်မှာ Epic Games မှာ အခမဲ့ပေးခဲ့တဲ့ဂိမ်းပေါင်းက ၈၉ခုရှိပြီး (US ဈေးကွက်အရစုစုပေါင်းတန်ကြေး ၂၁၂၀ ဒေါ်လာရှိ) Epic Games Store ကို သုံးစွဲသူပေါင်း ၁၉၄သန်းရှိလာစေပါတယ်။ ဂိမ်းတွေရယူခဲ့တဲ့တန်ဖိုးက ဒေါ်လာ ၇၆၅ သန်းရှိတယ်လို့ဆိုပါတယ်။
ဂိမ်းကစားသူတွေဟာ တစ်နှစ်လုံးစာအတွက် ဒေါ်လာသန်း ၈၄၀လောက်သုံးခဲ့ပြီး သန်း၃၀၀က Epic မှာတင်ရောင်းတဲ့ ဂိမ်းတွေအတွက်သုံးခဲ့ပါတယ်။
Epic Games ရဲ့ social media တွေဟာလည်း Instagram မှာ ၅%၊ Twitter မှာ ၇%နဲ့ Facebook မှာ ၁၈% အသီးသီးနဲ့ အသုံးပြုသူတွေတိုးတက်လာခဲ့ပါတယ်။
Epic Games ကိုအသုံးပြုသူပေါင်းဟာ ၁၉၄သန်းရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၀၂၁မှာ လစဉ်ပုံမှန်အသုံးပြုသူပေါင်း သန်း၆၀အထိရှိလာတယ်လို့ဆိုပါတယ်။
Epic Games ဟာ ၂၀၂၂ခုနှစ်မှာလည်း ဂိမ်းတွေကို giveaway ပေးနေဦးမှာဖြစ်တယ်လို့သိရပါတယ်။
Source: Epic Games
#EnThueTech
#News
#Gaming
0 Comments