Subscribe Us

header ads

Arcade ဂိမ်းစက်လုပ်ငန်းကို ပိတ်သိမ်းတော့မည့် SEGA

နာမည်ကျော် ARCADE ဂိမ်းစက်တွေထုတ်လုပ်လာတဲ့ SEGA ကုမ္ပဏီဟာ နှစ်ပေါင်း၅၀ကျော်အကြာမှာတော့ ဒီလုပ်ငန်းကိုရပ်ဆိုင်းတော့မှာပါ။ 

ကုမ္ပဏီရဲ့ လက်ရှိကျန်ရှိနေတဲ့ ဂိမ်းစက်တွေကို Gigo အမှတ်တံဆိပ်လက်အောက်ခံ Genda Inc ကိုရောင်းချသွားမှာပါ။ 

SEGA ဟာ ဒီလိုပိတ်သိမ်းဖို့ ၂၀၂၀ခုနှစ်ကစတင်ကြိုးစားခဲ့တာဖြစ်ပြီး အဆိုပါနှစ်မှာ Arcade ဂိမ်းစက်လုပ်ငန်းအတွက် ဝင်ငွေအတော်နည်းခဲ့ပါတယ်။ အဲအချိန်ကစလို့ arcade ရှယ်ယာ ၈၅%ကို Genda ကိုရောင်းချခဲ့ပါတယ်။ 

Arcade ဂိမ်းစက်တွေအစား နေအိမ်မှာဂိမ်းကစားခြင်းကိုကူးပြောင်းလာခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပါပြီ။ ဒါပေမယ့် ဂျပန်နိုင်ငံမှာတော့ ဒီယဉ်ကျေးမှုဟာ အခြားနိုင်ငံတွေထက် ကြံ့ကြံ့ခံတည်တံ့နေခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်တွေမှာ များစွာသော arcade ဂိမ်းကစားနိုင်တဲ့နေရာတွေပိတ်သိမ်းခဲ့ရပြီးဖြစ်ပါတယ်။

Source: Eurogamer

Post a Comment

0 Comments