Subscribe Us

header ads

Nvidia ၏ ARM ကိုဝယ်ယူမှုပျက်ပြားနိုင်ချေရှိ

၂၀၂၀ခုနှစ်မှာ Nvidia ဟာ ARM ကို Softbank ဒေါ်လာဘီလီယံ၄၀နဲ့ဝယ်ယူဖို့ပြင်ဆင်နေကြောင်းကြေညာခဲ့ပါတယ်။ ဒါဟာ Semiconductors လုပ်ငန်းမှာ အကြီးမားဆုံးဝယ်ယူမှုဖြစ်ခဲ့ပြီး EU၊ US၊ UK နဲ့ တရုတ်နိုင်ငံက regulator တွေရဲ့ ထိုးနှက်မှုတွေခံခဲ့ရပါတယ်။ 

Nvidia ဟာ ဒီအရောင်းအဝယ်ကို ၂၀၂၁ခုနှစ်မှာ ရှေ့ဆက်နိုင်မယ်လို့ယုံကြည်ခဲ့ပေမယ့် Bloomberg ရဲ့ တင်ပြချက်အသစ်အရ Nvidia ဟာ ARM ကိုဝယ်မှုကို တိတ်တဆိတ် စွန့်လွှတ်ဖို့ပြင်ဆင်နေတယ်လို့သိရပြီး Softbank အနေနဲ့လည်း ARM ရဲ့ ရှယ်ယာတွေထုတ်ရောင်းဖို့စဥ်းစားနေတယ်လို့ဆိုပါတယ်။ 

လက်ရှိမှာ Nvidia နဲ့ ARM ဟာ အရောင်းအဝယ်ဆက်ဖြစ်မြောက်အောင် regulatorတွေထံက ခွင့်ပြုချက်တောင်းခံနေဆဲဖြစ်ပါတယ်။ ဒါပေမယ့်ဘယ် regulator တွေကမှ အတည်မပြုသေးတာကြောင့် အခြေအနေတွေပြောင်းလဲသွားနိုင်ပါတယ်။

ARM ကိုဝယ်ယူမှုကြောင့် Nvidia ဟာ CPU/GPU ပိုင်းမှာအင်အားကြီးလာမှာပါ။ ARM ဟာ စမတ်ဖုန်းအားလုံးရဲ့ နောက်ကွယ်က မူပိုင်ခွင့်တွေကိုင်ထားတာဖြစ်ပြီး Nvidia ကအကောင်းဆုံး graphics card တွေ၊ AI Accelerator တွေနဲ့ အဆင့်အမြင့်ဆုံး networking equipment တွေဖန်တီးသူပါ။ 

မူလက ဝယ်ယူမှုကို ၁၈အတွင်း ၂၀၂၂ခုနှစ်မတ်လမတိုင်ခင်အပြီးသတ်ဖို့ စီစဉ်ထားခဲ့ပေမယ့် ပြီးပြတ်ဖွယ်မရှိပါဘူး။ စာချုပ်အရ ARM ကို Nvidia ကဝယ်ယူဖို့စီစဉ်တုန်းက ပေးအပ်ခဲ့တဲ့ဒေါ်လာ ၂ဘီလီယံကို ARM ကပြန်ပေးဖို့မလိုသလို အရောင်းအဝယ်ဖြစ်ဖြစ်မဖြစ်ဖြစ် ဒေါ်လာ ၁.၂ဘီလီယံထပ်ပေးရဦးမှာပါ။

Nvidia ရဲ့ဝယ်ယူမှုပျက်ပျယ်ခဲ့ရင် ARMဟာ အကောင်းဆုံး CPU Cores တွေနဲ့ အခြား IP တွေဆက်ဖန်တီးဖို့ ရုန်းကန်ရပါလိမ့်မယ်။ Nvidia အနေနဲ့ ARM ရဲ့ တိုးတက်မှုကိုအရှိန်မြှင့်ပေးနိုင်ပါတယ်။ ရှယ်ယာတွေကိုထုတ်ရောင်းခဲ့ရရင်တော့ ဖန်တီးမှုတွေအရှိန်မြှင့်ဖို့နဲ့ ထုတ်ကုန်တွေရဲ့လမ်းပြမြေပုံကိုချဲ့ထွင်ဖို့ရာ ဘဏ္ဍာငွေလုံလောက်အောင်ထုတ်ပေးနိုင်မှာမဟုတ်ပါဘူး။

Source: OC3D

Post a Comment

0 Comments