Subscribe Us

header ads

Non-K Alder Lake CPU များကို overclock မလုပ်ရန် Intel ပြောကြား

အရင်ရက်တွေတုန်းက BCLK နဲ့ non-K CPU တွေကို Overclock လုပ်နိုင်ကြောင်းသိကြပြီးဖြစ်မှာပါ။ 

BCLK overclocking နဲ့ 5GHz ကျော်လွန်တဲ့အထိ လုပ်နိုင်တာမို့ Intel ဟာ ကြေညာချက်တစ်ခုကိုထုတ်ပြန်လိုက်ပါတယ်။ 

ကြေညာချက်ထဲမှာတော့ ဒီလို overclock လုပ်မယ်ဆိုရင် သင့် CPU ကိုထိခိုက်စေ သို့ သက်တမ်းတိုစေမှာဖြစ်တယ်လို့ဆိုပါတယ်။ အဓိကအချက်ကတော့ အာမခံပျက်ပြယ်မှာဖြစ်တယ်လို့ဆိုပါတယ်။ 

လက်ရှိမှာ nonK Alder Lake CPU တွေကို Asus ROG Strix B660G နဲ့ B660F တို့မှာလုပ်ဆောင်နိုင်တယ်လို့ပြီး ASRock motherboard အချို့မှာလည်းလုပ်နိုင်တယ်လို့ဆိုပါတယ်။ 

Intel ဟာ 12th Gen non-K CPU တွေကို Overclock လုပ်ခြင်းကနေကာကွယ်ဖို့ microcode အသစ်တွေထည့်သွင်းလာနိုင်‌ခြေရှိပါတယ်။ 

Non-K CPU တွေမှာ overclock ရလာရင် အမြင့်ပိုင်းCPU တွေရောင်းအားထိခိုက်စေနိုင်ပါတယ်။ အကယ်၍ non-K CPUတွေ overclock လုပ်ခွင့်ဆက်ရနေခဲ့ရင် 6 Core i5 CPU တွေဟာ အတန်ဆုံး CPU တွေဖြစ်လာမှာပါ။ 

Source: OC3D

Post a Comment

0 Comments