Subscribe Us

header ads

BCLK overclocking နဲ့ 5.7GHz အထိရရှိခဲ့တဲ့ Core i5-12490F




အရင်ရက်တွေက der8aurer ဟာ BCLK overclocking နဲ့ non-K CPU တွေကို Overclock လုပ်ပြသွားတာကိုဖတ်လိုက်ရမှာပါ။

အခုတရုတ်ဈေးကွက်အတွက်သီးသန့်ထုတ်ထားတဲ့ Intel Core i5 12490F ဟာ BLCK overclocking နည်းနဲ့ 5.7GHz အထိရရှိခဲ့ကြောင်း သိရှိရပါတယ်။

Core i5 12490F ဟာ 6 Cores 13 Threads CPU ဖြစ်ပြီး 20MB L3 Cache နဲ့ igp မပါဝင်ပါဘူး။ PBP နဲ့ MTP 65W နဲ့ 117W အသီးသီးရှိတဲ့ ဒီCPU ဟာ Boost Clock 3GHz နဲ့ Base Clock 4.6GHz ရှိပါတယ်။ ဒါပေမယ့် overclocker တစ်ယောက်ဟာ 5.7GHz အထိ(မူလ base clock ရဲ့ ၉၀%)ကို BLCK နည်းနဲ့ overclock လုပ်နိုင်ခဲ့ပြီး CPU-Z validation ကိုလည်းရရှိခဲ့တာကိုတွေ့ရပါတယ်။



ဒီလိုရရှိဖို့ Vcore ကို 1.696V ပေးခဲ့ရတာဖြစ်ပြီး 10nm အတွက်ဆိုအတော်လေးများတဲ့ voltage လို့ပြောနိုင်ပါတယ်။ ဘာ cooling သုံးထားမှန်းမသိပေမယ့် သာမန်cooling မဟုတ်တာဖြစ်နိုင်ပါတယ်။

Core i5 124900F ဟာ သာမန် Alder Lake 6 Core CPU မဟုတ်ပဲ Core i7 က recycle silicon ကိုသုံးထားတယ်လို့ယူဆရပြီး L3 Cache ကလည်း ပုံမှန် Alder Lake Core i5 ထက် အနည်းငယ်ပိုများပါတယ်။

Non-K Alder Lake CPU ကို အချို့ B660 နဲ့ Z690 Motherboard တွေမှာ BLCK overclocking နဲ့ overclock လုပ်နိုင်တာတွေ့ခဲ့ရပါတယ်။ Core i5 12490F ဟာ တရုတ်ဈေးကွက်အတွက်ဆိုပေမယ့် ဈေးကွက်ပြင်ပကို တစ်နည်းနည်းနဲ့ရောက်လာနိုင်ဖွယ်ရှိပါတယ်။

Source: Tom's Hardware

Post a Comment

0 Comments