Subscribe Us

header ads

အိုဟိုင်းယိုးပြည်နယ်တွင် ဒေါ်လာဘီလီယံ၂၀တန်စက်ရုံဆောက်မည့် Intel


Intel ရဲ့ IDM 2.0 မဟာဗျူဟာ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ အိုဟိုင်းယိုးပြည်နယ်က Columbus ဆိုက်ဟာ မူလမှာ ဧက 1,000 ကျယ်ဝန်းပြီး ချစ်ပ်စက်ရုံနှစ်ခု ပါဝင်ကာ လူဦး‌ ရေ၃ထောင်ခန့်ကို အလုပ်‌ခန့်မှာပါ။ New York Times ကတော့ ဆောက်လုပ်ရေးနှင့် အနီးနားရှိစီးပွားရေးလုပ်ငန်းတွေနဲ့ ဆောက်လုပ်ရေးအတွက် နောက်ထပ်အလုပ်အကိုင်များ ဖန်တီးပေးနိုင်ဦးမယ်လို့ ရေးသားထားပါတယ်။


Intel အနေနဲ့ အဆိုပါ site ဆောက်လုပ်ရေးကို ဒီနှစ်ထဲ စတင်မှာဖြစ်ပြီး စက်ရုံဟာ ၂၀၂၅ ခုနှစ်မှာလည်ပတ်နိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ ဧက ၂၀၀၀ နဲ့ fab ၈ခု အထိ တိုးချဲ့နိုင်ပါတယ်။ "ကျွန်ုပ်တို့ရဲ့မျှော်လင့်ထားတာက ဒီနေရာဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးဆီလီကွန်ထုတ်လုပ်သည့်နေရာဖြစ်လာဖို့" လို့ Intel CEO Pat Gelsinger က Time ကိုပြောကြားခဲ့ပါတယ်။ "အရင်က ဆီလီကွန်တောင်ကြားကို ထူထောင်ဖို့ ကျွန်တော်တို့ ကူညီပေးခဲ့တယ်။ အခု ငါတို့ Silicon Heartland ကို လုပ်တော့မှာ" လို့ဆိုပါတယ်။

Alder Lake ထုတ်ပြီးတဲ့အချိန်မှာ " AMD ဟာ နောက်ကြည့်မှန်(နောက်မှသာ လိုက်နေရသူ) ”လို့ မကြာသေးမီက ကြွေးကြော်ခဲ့တဲ့ Gelsinger ဟာ ဒေသတွင်း တရုတ်နိုင်ငံမှ ရန်စမှုများ တိုးလာနေချိန်မှာ ထိုင်ဝမ် ချစ်ပ်ထုတ်လုပ်ရေးကုမ္ပဏီ (TSMC) ကို အလွန်အကျွံ အားကိုးခြင်းမပြုရန် သတိပေးခဲ့ပါ‌သေးတယ်။ "ဘေဂျင်းအစိုးရဟာ ထိုင်ဝမ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးဇုန်ခဲကို စစ်လေယာဉ် ၂၇ စင်း စေလွှတ်ခဲ့ပါတယ်" လို့ဒီဇင်ဘာလထဲ သူက‌ပြောခဲ့ပါ‌သေးတယ်။ ဒါ့အပြင် ပြည်တွင်းဆီမီးကွန်ဒတ်တာကုမ္ပဏီတွေအတွက် သီးသန့်ထောက်ပံ့ပေးရမယ့် ရန်ပုံငွေ ဒေါ်လာ ၅၂ ဘီလီယံကိုသုံးစွဲဖို့ အမေရိကန်အစိုးရကိုလည်း တောင်းဆိုထားပါတယ်။



Intel ဟာ ၂၀၂၂ ခုနှစ်မှာ ချစ်ပ်ထုတ်လုပ်ဖို့အတွက် $၂၅ဘီလီယံမှ $၂၈ ဘီလီယံအထိ သုံးစွဲဖို့စီစဉ်ထားပါတယ်။ ကုမ္ပဏီဟာ စက်တင်ဘာလမှာ အရီဇိုးနားပြည်နယ်က အဆင့်မြင့် chip Fab နှစ်ခုကို စတင်တည်ထောင်ခဲ့ပြီး မလေးရှားနိုင်ငံရှိ ကုန်ထုတ်လုပ်မှုစင်တာအသစ်မှာ ဒေါ်လာ ၇ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပါတယ်။ နယူးမက္ကဆီကို မှာတော့ ဒေါ်လာ ၃.၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမှာဖြစ်ပါတယ်။ အိုင်ယာလန်မှာ‌ေတာ့ သူတို့ရဲ့ ဒေါ်လာ ၇ ဘီလီယံတန်ဖိုးရှိ Fab 34 ထုတ်လုပ်မှုစက်ရုံဟာ ပထမဆုံးစက်ပစ္စည်းတွေကို ပြီးခဲ့သည့်အပတ်က ရရှိခဲ့ပါတယ်။

မကြာသေးမီက စံချိန်တင်အမြတ်အစွန်းတွေရရှ်ခဲ့ကြောင်း အစီရင်ခံခဲ့တဲ့ TSMC ဟာ ၂၀၂၂ခုနှစ်မှာ ဒေါ်လာ ၄၄ ဘီလီယံ သုံးစွဲမည်ဟု ပြောကြားခဲ့ပါတယ်။ TSMC ဟာ သူ့ရဲ့ ဖောက်သည်တွေကို 7nm နဲ့ 5nm အတွက်ဈေးနှုန်းမြှင့်တင်လိုက်တာကြောင့် CPU GPU ဈေးတွေမြင့်တက်လာဖွယ်ရှိနေပါတယ်။ ဒါပေမယ့် Intel မှာကိုယ်ပိုင်စက်ရုံရှိနေတာမို့ ဈေးသိပ်မတက်လောက်ဘူးလို့ယူဆရပါတယ်။

Source: Techspot

#EnThueTech
#News
#Intel #Semiconductors

Post a Comment

0 Comments