![]() |
Image: Sony |
Sony ဟာ ခေတ်မီဆန်းပြားတဲ့ Imaging နည်းပညာတွေ အပြည့်အဝပါဝင်တဲ့ Fixed-Lens Digital Camera အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ RX1R III ဟာ Sony ရဲ့ နောက်ဆုံးထွက် Flagship Full-Frame Standalone Digital Camera ဖြစ်ပြီး RX1R စီးရီးရဲ့ တတိယမျိုးဆက် ဖြစ်ပါတယ်။ ယခင်မော်ဒယ် RX1R II က လွန်ခဲ့တဲ့ ၁၀ နှစ်နီးပါးက ထွက်ရှိခဲ့တာပါ။ RX1R III ကင်မရာမှာ ထူးခြားတဲ့ 61-megapixel 35mm Exmor R CMOS Image Sensor ကို အသုံးပြုထားပြီး ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် BIONZ XR Processing Engine နဲ့ အတူတွဲဖက်ထားကာ Zeiss Sonnar T* 35mm f/2.0 Lens နဲ့ ပေါင်းစပ်ထားပါတယ်။
![]() |
Image: Sony |
RX1R III မှာ နောက်ဆုံးပေါ် AI Processing နည်းပညာလည်း ပါဝင်ပါတယ်။ Sony က ဒီ Feature ကို တန်ဖိုးရှိတဲ့ Feature အဖြစ် ဖော်ပြထားပါတယ်။ ဒီ Feature ကြောင့် အသုံးပြုသူတွေဟာ Camera က Subject တွေရဲ့ ပုံသဏ္ဍာန်နဲ့ လှုပ်ရှားမှုကို တိတိကျကျ သိရှိနိုင်မှာဖြစ်သလို လူ့ခန္ဓာကိုယ်၊ ဦးခေါင်းနဲ့ မျက်လုံးနေရာတွေကိုပါ သိရှိနိုင်တာကြောင့် သူ့ရဲ့ 693-point Phase-Detection Auto-Focus System ဟာ လုပ်ငန်းတာဝန်ကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီကင်မရာဟာ 4K ဗီဒီယိုတွေကို တစ်စက္ကန့်ကို 30 fps နှုန်းနဲ့ မှတ်တမ်းတင်နိုင်ပြီး 1080p Slow-Motion ဗီဒီယိုတွေကိုတော့ 120 fps နဲ့ ရိုက်ကူးနိုင်ပါတယ်။ Lens ကတော့ အနီးဆုံး ၉.၄ လက်မ (၂၄ စင်တီမီတာ) အကွာအဝေးမှာရှိတဲ့ ပစ္စည်းတွေကိုပါ Focus ထားနိုင်ပါတယ်။ Built-in Electronic Viewfinder ကလည်း pixel ပေါင်း 2.36 သန်း ပါဝင်တဲ့ OLED Panel ကို အသုံးပြုထားတယ်လို့သိရပါတယ်။
Sony ရဲ့ ဒီနောက်ဆုံးပေါ် ကင်မရာကို မဂ္ဂနီစီယမ်သတ္တုစပ်နဲ့ တည်ဆောက်ထားပြီး အရွယ်အစားကတော့ ၄.၅ လက်မ x ၂.၇၅ လက်မ x ၃.၅ လက်မ (၁၁၃.၃ မီလီမီတာ x ၆၇.၉ မီလီမီတာ x ၈၇.၅ မီလီမီတာ) ခန့်ရှိပြီး ဘက်ထရီနဲ့ Memory Card ပါဝင်ရင်တောင်မှ တစ်ပေါင်ကျော်သာ အလေးချိန်ရှိမှာဖြစ်ပါတယ်။ ဒီဇိုင်းမှာ အများကြီး ပြောင်းလဲသွားခြင်း မရှိပေမဲ့ Handgrip အသစ်က အသုံးပြုရတာပိုမိုလွယ်ကူစေဖို့ ရည်ရွယ်ထားပြီး Mode Dial နဲ့ Hot Shoe တွေဟာလည်း Camera ရဲ့ ထိပ်မျက်နှာပြင်နဲ့ ညီညာစွာ တပ်ဆင်ထားတာကို တွေ့ရပါတယ်။
ဘက်ထရီနဲ့ ပတ်သက်လို့တော့ Sony ရဲ့ NP-FW50 Battery Pack ကို အသုံးပြုထားပြီး တစ်ကြိမ်အားသွင်းရင် ဓာတ်ပုံ ၃၀၀ အထိ ရိုက်နိုင်တယ်လို့ဆိုပါတယ်။ တကယ်ကို ဓာတ်ပုံရိုက်တာကို စိတ်ပါဝင်စားသူတွေကတော့ အပြင်မှာ အချိန်ကြာကြာ ရိုက်ဖို့အတွက် ဘက်ထရီအပိုနှစ်လုံးလောက် ဆောင်ထားချင်ကြမှာပါ။
Sony RX1R III ကို အခု Pre-Order မှာယူနိုင်ပြီလို့သိရပြီး ဈေးနှုန်းကတော့ $5,098 ဖြစ်ကာ ဇူလိုင် ၃၁ ရက်နေ့မှာ စတင်ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ Sony က ဒီကင်မရာနဲ့ တွဲဖက်သုံးနိုင်မယ့် သီးသန့် Thumb Grip၊ Compact Body Case နဲ့ Lens Hood အပါအဝင် ဆက်စပ်ပစ္စည်းအချို့ကိုလည်း ထုတ်လုပ်ထားတယ်လို့သိရပါတယ်။
သင့်အနေနဲ့ Leica Q3 ဒါမှမဟုတ် Fujifilm GFX100RF လို ပြိုင်ဘက်ကင်မရာတွေကို ယှဉ်ပြိုင်နိုင်တဲ့ Premium Compact Shooter တစ်လုံးကို ရှာဖွေနေတယ်ဆိုရင်တော့ Sony ရဲ့ Fixed-Lens Camera အသစ်ဟာ တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ ကင်မရာတစ်ခုလို့ဆိုနိုင်ပါတယ်။
Source: TechSpot and Notebookcheck
0 Comments