Subscribe Us

header ads

PC Link တွင် 120Hz အထိ အထောက်အပံ့ပေးလာသည့် Meta Quest 3

Image via OC3D

Meta ဟာ သူတို့ရဲ့ Quest Link PC software ကို ကြီးမားတဲ့ပြောင်းလဲမှုတွေပြုလုပ်လိုက်ပြီး သူတို့ရဲ့ Oculus PC app ကို Meta Quest Link app နဲ့အစားထိုးလိုက်ပါတယ်။ အခုဆိုရင် Meta Quest 3 VR headset တွေမှာ 120Hz အထိအထောက်အပံ့ပေးလာပြီမို့ ပိုမိုကောင်းမွန်တဲ့ PCVR အတွေ့အကြုံကိုခံစားရမှာဖြစ်ပါတယ်။ ယခင်က Quest 3 ရဲ့ refresh rate ဟာ 90Hz သာအများဆုံးထုတ်ပေးနိုင်ခဲ့တာပါ။

ဒီပြောင်းလဲမှုတင်မက Meta ဟာ Quest headset တွေ Link mode အသုံးပြုချိန်မှာ ဘက်ထရီသက်တမ်းပိုမို ကောင်းမွန်အောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ ပါဝါသုံးစွဲမှု ၃၀%လျော့ချလိုက်နိုင်တာကြောင့် Air Link နဲ့ဂိမ်းကစားချိန်ဟာ ၉၀မိနစ်ကနေ ၁၄၀မိနစ်အထိတိုးမြှင့်လာပါတယ်။ အသုံးပြုသူတွေအနေနဲ့ USB link ကိုအသုံးပြုချိန်မှာလည်း ဘက်ထရီသက်တမ်းတိုးလာတာတွေ့ရမှာဖြစ်ပါတယ်။ ကြိုးနဲ့ချိတ်ဆက်ထားချိန်ဘက်ထရီသက်တမ်းဘက်လောက်ခံလဲဆိုတာက သင့်PC က headset ကိုဘယ်လောက်ပါဝါပေးနိုင်သလဲအပေါ်မူတည်ပြီးကွဲပြားမှာပါ။

Image via OC3D

Meta Quest Link ဟာ RTX 4000 Series graphics card တွေအထိ အထောက်အပံ့ပေး‌လာပြီဆိုပေမယ့် RTX 4070 နဲ့ ဒီထက်နိမ့်တဲ့ကတ်တွေမှာတော့ warning message တွေပေါ်နေဦးမှာဖြစ်ပါတယ်။ ဒီပြဿာနာကိုလာမယ့် update တွေမှာဖြေရှင်းသွားဖွယ်ရှိပါတယ်။

Meta အနေနဲ့ သူတို့ရဲ့ Quest PC app ကိုစွန့်ပယ်ခြင်းမရှိတာကောင်းမွန်တဲ့အချက်လို့ဆိုနိုင်ပေမယ့် ဒီ feature တွေဟာ Quest 3 စတင်ထွက်ရှိကတည်းကပါဝင်နေသင့်တာပါ။ ဒီလိုပြောင်းလဲမှုတွေရှိလာတာကြိုဆိုရမှာဖြစ်ပေမယ့် Meta ရဲ့ ပြုမူပုံဟာ PCVR သမားတွေကို ဒုတိယတန်းမှာထားပြီး ဆက်ဆံနေသလိုခံစားရ‌စေနိုင်ပါတယ်။ နောက်ပိုင်းမှာ အပြောင်းအလဲတွေဖြစ်လာဖို့မျှော်လင့်မိပါတယ်။

#EnThueTech
#News
#ARVR

Post a Comment

0 Comments