Subscribe Us

header ads

YouTube ကဲ့သို့ Steaming App တစ်ခုကို မိတ်ဆက်ရန် ကြံရွယ်‌နေသည့် X

Image: Adobe Stock

X (ယခင်Twitter) ရဲ့ ပိုင်ရှင်ဖြစ်သူ Elon Musk ဟာ Amazon နဲ့ Samsung smart TV တွေအတွက် television app တစ်ခုကိုဖန်တီးပြီး streaming လောကထဲဝင်ရောက်ဖို့ပြင်ဆင်နေတယ်လို့ သတင်း‌တွေထွက်ပေါ်နေပါတယ်။

Fortune ရဲ့ အဆိုအရ ဒီ app ဟာ screen ကြီးကြီးပေါ်မှာ ဗီဒီယိုရှည်ရှည်‌တွေကြည့်ရှုနိုင်ဖို့ရည်ရွယ်ထားပြီး လာမယ့်အပတ်ထဲ ထွက်ရှိလာမယ်လို့ဆိုပါတယ်။

X ရဲ့ ဇန်နဝါရီလတုန်းကတင်ထားတဲ့ ဘလော့ပို့စ်တစ်ခုမှာ ဒီဝန်ဆောင်မှုဟာ ပထမဆုံးဗီဒီယိုပလက်ဖောင်းဖြစ်တယ်လို့ဆိုပါတယ်။ ကုမ္ပဏီဟာမကြာသေးခင်က Xမှာ ရှည်လျားတဲ့ ဗီဒီယိုတွေတင်ခွင့်ပေးခဲ့ပြီးနောက် ၂၀၂၃ခုနှစ် ဒီဇင်ဘာလတစ်လတည်းမှာတင် အသုံးပြုသူတွေဟာ ၃၀မိနစ်အထက်ဗီယိုတွေကို နှစ်ပေါင်း ၁၃၀နဲ့ ညီမျှကြာချိန်ခန့်ကြည့်ရှုခဲ့ကြတယ်လို့ဆိုပါတယ်။

X အနေနဲ့ ယခင် CNN မှ အစီအစဉ်တင်ဆက်သူ Don Lemon နဲ့ သူတို့ရဲ့ပလက်ဖောင်းမှာ ရှိုးတစ်ခုပြုလုပ်ဖို့သဘောတူညီချက်တစ်ခုရရှိခဲ့ပါတယ်။ Fox သတင်းဌာနကနေထုတ်ပယ်ခြင်းခံလိုက်ရတဲ့ အစီအစဉ်တင်ဆက်သူ Tucker Carlson ဟာ လည်း မနှစ်က X မှာ ရှိုးတစ်ခုတင်ဆက်ခဲ့ပေမယ့် ယခုအခါမှာတော့ ကိုယ်ပိုင် streaming ဝန်ဆောင်မှုကိုမိတ်ဆက်ဖို့ကြံရွယ်နေပြီဖြစ်ပါတယ်။

လူသိထင်ရှားတဲ့ Mr. Beast ဟာလည်း X မှာ ရှည်လျားတဲ့ဗီဒီယိုတစ်ခုတင်ခဲ့ပြီး အဆိုပါတကြိမ်းတည်းအတွက် ဝင်ငွေဒေါ်လာ ၂သိန်းခွဲရရှိခဲ့ကြောင်းသိရပါတယ်။

Source: PCMag

#EnThueTech
#News

Post a Comment

0 Comments