Subscribe Us

header ads

OpenAI မှ GPT ကို ကုန်ပစ္စည်းအမှတ်တံဆိပ်အဖြစ် မူပိုင်ခွင့်တောင်းဆိုခဲ့သော်လည်း ပယ်ချခံရ

Lionel Bonaventure/AFP via Getty Images

US မူပိုင်ခွင့်နဲ့ ကုန်သွယ်မှုအမှတ်တံဆိပ်ရုံးဟာ large language model တွေရဲ့ နောက်ကွယ်ကနည်းပညာဖြစ်တဲ့ Generative Pre-trained Transformer ကို ကိုယ်စားပြုတဲ့ "GPT" ကို ကုန်ပစ္စည်းအမှတ်တံဆိပ် အဖြစ်တောင်းဆိုမှုကို "ပယ်ချ" ခဲ့တယ်လို့သိရပါတယ်။

ကုန်အမှတ်တံဆိပ်ရှေ့နေတွေကတော့ OpenAI အနေနဲ့ "GPT" ဟူသောအမည်ကို တရားဝင်ပိုင်ဆိုင်လိုကြောင်းကို မနှစ်ကတည်းက လျှောက်ထားခဲ့ပေမယ့် "GPT" ဆိုတဲ့ အမည်နာမဟာ ထုတ်ကုန် (သို့မဟုတ်) ဝန်ဆောင်မှုအတွက် သီးခြားအမည်မဟုတ်ဘဲ နည်းပညာတစ်မျိုးကို ဖော်ပြဖို့ရာ ရိုးရှင်းတဲ့နည်းလမ်းတစ်ခုသာဖြစ်လို့ ကုန်ပစ္စည်းအမှတ်တံဆိပ်အဖြစ်လျှောက်ထားမှုကို ပယ်ချရတာဖြစ်ကြောင်းဆိုပါတယ်။

တာဝန်ရှိသူတွေဘက်က GPT ဆိုတာ အခြားကုမ္ပဏီတွေကတည်ဆောက်ထားတဲ့ AI မော်ဒယ်အများအပြားမှာ အသုံးပြုတဲ့ ဗိသုကာပညာတစ်ခုဖြစ်ပြီး neural networks မိသားစုဝင်တစ်ခုသာဖြစ်ကြောင်း ထောက်ပြခဲ့ကြပါတယ်။ သို့ပေသော်ငြား OpenAI ဘက်ကတော့ "Generative Pre-trained Transformer" ဆိုတာ လူအများနားလည်နိုင်မှာမဟုတ်ကြောင်း ကန့်ကွက်ခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးမှာတော့ ကုန်အမှတ်တံဆိပ်ရုံးက "GPT" ဆိုတဲ့စကားလုံးဟာ အများသူငှာသုံးစွဲနေတာမို့ ကုမ္ပဏီတစ်ခုတည်းက ပိုင်ဆိုင်ဖို့ရာမသင့်ကြောင်း ဆုံးဖြတ်ခဲ့တယ်။ ဒါကလူတိုင်းသုံးတဲ့ စကားလုံးတစ်လုံးကို ပိုင်ဆိုင်ဖို့ ကြိုးစားရသလိုဖြစ်နေတာမို့ ဒီကုန်အမှတ်တံဆိပ်ကို OpenAI ထံ မပေးနိုင်တာဖြစ်ကြောင်းဆိုပါတယ်။

Source: The Register

#EnThueTech
#News
#AI

Post a Comment

0 Comments