Subscribe Us

header ads

Adobe မှ pdf ဖိုင်များအတွက် ကိုယ်ပိုင် AI Tool ဖန်တီးလာ

Image: Adobe

AI ဝန်‌ ဆောင်မှု‌ တွေဖြစ်တဲ့ Microsoft ရဲ့ Copilot နဲ့ Google ရဲ့ Bard တို့ဟာ pdf တွေကိုအလွယ်တကူ အနှစ်ချုပ်ပေးနိုင်ပေမယ့် pdf ရဲ့ ပဲ့ကိုင်ရှင်ကြီး Adobe ကိုယ်တိုင်ကတော့ ဒါတွေလုပ်ပေးနိုင်တဲ့ AI tool တစ်ခုမှရှိမနေတာ အံ့ဩစရာဖြစ်လို့နေပါတယ်။ ဒါပေမယ့် အခုဆိုရင် Adobe ဟာ Adobe Reader နဲ့ Acrobat မှာအခမဲ့ပါဝင်လာမယ့် AI Assistant ကိုမနေ့ကကြေညာခဲ့ပါတယ်။ 

AI Assistant ဟာ စာသားတွေကိုအနှစ်ချုပ်ပေးနိုင်ရုံသာမက မေးခွန်းတွေပါမေးမြန်းနိုင်ပြီး အသေးစိတ်ရှင်းလင်း‌ပေးမှာဖြစ်ပါတယ်။ Adobe ရဲ့ ကြေညာချက်ထဲမှာ Acrobat Standard၊ Pro နဲ့ Teams သုံးစွဲနေကြတဲ့ ဖောက်သည်တွေနဲ့ Acrobat Pro trial ကိုအသုံးပြုသူ‌တွေဟာ AI Assistant beta ကို ယနေ့စတင်အသုံးပြုနိုင်ပြီး Adobe Reader အတွက်ကတော့ လာမယ့်ရက်သတ္တပတ်တွေအတွင်း အသုံးပြုနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

Adobe ဘက်ကတော့ အဆိုပါ AI tool ဟာ သူတို့ရဲ့လုံခြုရေးပရိုတိုကောတွေနဲ့ ထိန်းချုပ်ထားမှာမို့ အချက်အလကတွေပေါက်ကြားမှာမဟုတ်ဘူးလို့ဆိုပါတယ်။ လက်ရှိကမ္ဘာပေါ်မှာ pdf ဖိုင်ပေါင်း ၃ထရီလီယံလောက်ရှိနေပြီလို့ Adobe ကဆိုတဲ့အတွက် ဒီလို tool ဟာ သုံးစွဲသူတွေအတွက် အဖိုးမဖြတ်နိုင်ပါဘူး။ ကုမ္ပဏီရဲ့ လမ်းပြမြေပုံမှာ AI tool တွေကို pdf ဖိုင်တွေသာမက စာရွက်စာတမ်းဖန်တီးခြင်းနဲ့ တည်းဖြတ်ခြင်းတွေမှာပါထည့်သွင်းလာမယ်လို့သိရပါတယ်။ Adobe အနေနဲ့ လူကိုယ်တိုင်အဆိုပြုထားတဲ့ markup comment တွေမှာ AI အသုံးပြုပြီးပြင်ဆင်ပေးနိုင်ဖို့အတွက်လည်း စီစဉ်ထားပါတယ်။

သိပ်မထူးဆန်းတဲ့ကိစ္စကတော့ Adobe ဟာ ဖော်ပြထားခြင်းမရှိသေးတဲ့ feature အသစ်တွေအတွက် AI subscription တစ်ခုပြုလုပ်ဖို့စီစဉ်နေတာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ AI Assistant နည်းပညာဟာ desktop နဲ့ web မှာ အင်္ဂလိပ်ဘာသာနဲ့အသုံးပြုတဲ့ Acrobat Standard၊ Pro နဲ့ Teams အသုံးပြုသူတွေရဲ့ subscription အစီအစဉ်မှာပါဝင်နေပါတယ်။ အင်္ဂလိပ်ဘာသာနဲ့အသုံးပြုတဲ့ Adobe Reader သုံးစွဲသူတွေအတွက် feature တွေကလာမယ့် ရက်သတ္တပတ်အတွင်းရရှိနိုင်ပါတယ်။ လက်ရှိအချိန်မှာတော့ အခမဲ့ဖြစ်ပါတယ်။

Source: PCWorld

#EnThueTech
#News
#AI 

Post a Comment

0 Comments