Subscribe Us

header ads

Xiaomi မှ Ryzen 7 7840HS APU၊ 3.2K (120Hz) display နှင့် RedmiBook Pro 15 Ryzen Edition ကို ထုတ်ဖော်ပြသ

 

Image via wccftech

Xiaomi ဟာ AMD Ryzen 7 7840HS APU တပ်ဆင်ထားတဲ့ သူတို့ရဲ့ RedmiBook 15 Pro Ryzen Edition ကိုကြေညာလိုက်ပါတယ်။ Specification တွေအရ AMD Ryzen 7 7840HS "Phoenix" APU တွေမှာ core ၈ခု၊ threads၈ခုပါဝင်ကာ Zen 4 architecture ကိုအခြေခံထားပြီး 8MB L2 cache၊ 16MB L3 cache နဲ့ clock speed ကို အမြင့်ဆုံး 5.1 GHz အထိရနိင်ပါတယ်။ သူ့မှာ TDP ကိုလည်း 35-54W အကြား ချိန်ညှိနိုင်ပြီး 2700 MHz မြန်နှုန်းနဲ့ Compute Unit 12 ခုရှိတဲ့ Radeon 780M "RDNA 3" iGPU ကိုလည်း ထည့်သွင့်ထားပါတယ်။ ဒါကြောင့်မို့ ဒီ APU ဟာ ကမ္ဘာတစ်လွှားမှာစိတ်ဝင်စားမှုမြင့်မားနေတဲ့ APU တစ်ခုလို့ဆိုနိုင်ပါတယ်။ ဒါတင်မက နောက်ဆုံးပေါ် AMD Ryzen AI လည်းပါဝင်ပါသေးတယ်။

Image via wccftech

RedmiBook Pro 15 ရဲ့ ကိုယ်ထည်ကို CNC နည်းပညာအသုံးပြုကာ ခုတ်စားထားတဲ့ အလူမီနီယံကိုယ်ထည်နဲ့တည်ဆောက်ထားတာကြောင့် ပါးလွှာပေါ့ပါးပါတယ်။ ၁၅လက်မ အရွယ်အစားရှိတဲ့ မျက်နှာပြင်ဟာ 3.2K resolution နဲ့ 120Hz refresh rate ရှိတဲ့အပြင် brightness ဟာလည်း 500 nits အထိရမှာပါ။ I/O ပိုင်းမှာဘယ်လိုလာမလဲဆိုတာ မသိရသေးပေမယ့် USB port တွေနဲ့ wire/wireless နည်းပညာတွေသင့်တင့်လျောက်ပတ်စွာပါဝင်ထားတဲ့ 2022 မော်ဒယ်က ဒီဇိုင်းကိုပြန်လည်အသုံးလာနိုင်တယ်လို့သိရပါတယ်။

ဈေးနှုန်းအတိအကျကို Xiaomi ဘက်ကထုတ်ဖော်ပြသခြင်းမရှိသေးပေမယ့် 5000 RMB (သို့မဟုတ်) $700 ဝန်းကျင်မို့ ဒီဈေးနှုန်းနဲ့ အတော်လေးကောင်းမွန်တဲ့ laptop ကိုရနိုင်မယ်လို့ယူဆရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ laptop ကို ဇူလိုင်လ ၁၉ရက်နေ့မှာရောင်းချမယ်လို့ဆိုထားတာမို့ မကြာမီအသေးစိတ်အချက်အလက်တွေကို သိခွင့်ရမှာဖြစ်ပါတယ်။

Source: wccftech

#EnThueTech
#News
#Laptop

Post a Comment

0 Comments