Subscribe Us

header ads

Sony ၏ နောက်ဆုံးပေါ် APS-C hybrid ကင်မရာ Sony a6700

Image: Sony

ကောလာဟလတွေမြောက်များစွာထွက်ရှိပြီးနောက် Sony ဟာ သူတို့ရဲ့နောက်ဆုံးပေါ် mirrorless ကင်မရာအသစ် Sony a6700 ကိုကြေညာလိုက်ပါတယ်။ ဒီကင်မရာဟာ လူအများကာလကြာရှည် စောင့်မျှော်ခဲ့ရတဲ့ APSC ကင်မရာဖြစ်ပါတယ်။

Sony ရဲ့ a6xxx တန်းကင်မရာ‌‌ တွေထဲမှာ နောက်ဆုံးထွက်ရှိထားတာက ၂၀၁၉ခုနှစ်တုန်းက ထွက်ရှိထားတဲ့ a6600 ဖြစ်ပြီး ကိုဗစ်ကပ်ရောဂါဆိုတာ ကြားတောင်မကြားရသေးတဲ့အချိန်ကဖြစ်ပါတယ်။

a6700 ဟာ ယခင် compact ကင်မရာတွေအတိုင်း hybrid content creator တွေ၊ traveler တွေ၊ weekend မှာ ဓာတ်ပုံရိုက်လေ့ရှိသူတွေအတွက် သေးငယ်ကျစ်လစ်အောင်ဖန်တီးထားပါတယ်။ ဒီကင်မရာဟာ ယခင်အတိုင်း Sony ရဲ့ e-mount ကိုဆက်လက်အသုံးပြုပေးထားလို့ lens ပေါင်း အမျိုး ၇၀လောက်သုံးနိုင်ပြီး ၂၁မျိုးကတော့ a6700 လို APS-C ကင်မရာတွေအတွက် သီးသန့်ဖန်တီးထားတဲ့ lens တွေကိုရွေးချယ်နိုင်ပါတယ်။

a6700 မှာ Sony ရဲ့ Exmor R တန်းထဲက 26-megapixel ရှိတဲ့ APS-C back-side illuminated (BSI) CMOS ဆင်ဆာကိုထည့်သွင်းပေးထားလို့ ISO 100-32000 (80-102400 extended) အထိရသလို 5 -stops အထိ correction လုပ်ပေးတဲ့ 5-axis in-body image stabilization (IBIS) လည်းပါဝင်ပါတယ်။

ဒါတင်မက Sony a6700 မှာ Sony ရဲ့ နောက်ဆုံးပေါ် Bionz XR processor ကိုတွဲဖက်ပေးထားတဲ့အပြင် auto focus နဲ့ image processing အတွက် သီးခြား AI ချစ်ပ်တစ်ခုကိုလည်းထည့်ပေးထားတဲ့အတွက် တစ်စက္ကန့်ကို 11 frames အမြန်နှုန်းနဲ့ 1000 JPEGS (သို့မဟုတ်) 59 RAW ဓာတ်ပုံတွေကို resolution အပြည့်သုံးပြီး continous autofocus mode နဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Autofcus ပိုင်းအတွက် နောက်ဆုံးပေါ်ပုံရိပ်သိရှိခြင်းတွေပါဝင်လို့ လူခန္ဓာကိုယ်၊ ဦးခေါင်း၊ မျက်နှာနဲ့ မျက်လုံးတွေကိုပါ သိရှိနိုင်ရုံသာမက အရာဝတ္တုတွေဖြစ်တဲ့ လေယာဉ်၊ ရထား၊ ကား၊ စက်ဘီးအပြင် တိရိစ္ဆာန်၊ ငှက်နဲ့ အင်းဆက်တွေအထိခွဲခြားသိရှိနိုင်ပါတယ်။

ဆိုနီကတော့ autofocus စွမ်းဆောင်ရည်ပိုင်းမှာ ယခင်မျိုးဆက်ထက် ၂၀% ပိုမိုသာလွန်တယ်လို့ဆိုပြီး frame တစ်ခုလုံးရဲ့ 93%ကို လွှမ်းခြုံနိုင်တဲ့ phase detection autofocus point လည်း ယခင်ထက် ၂ဆနီးပါး(759 points)ပိုမိုပါဝင်ကာ -3 EV အထိ focus ဖြတ်နိုင်တယ်လို့ဆိုပါတယ်။

ဗီဒီယိုပိုင်းအနေနဲ့လည်း တိုးတက်မှုကြီးကြီးမားမားရှိလာပါတယ်။ Super 35 6K oversampled video ကနေ 4K ကို 120fps (သို့မဟုတ်) 1080pကို 240fps အထိရိုက်ကူးနိုင်လို့ ဗီဒီယိုတွေကိုဆယ်ဆအထိနှေးအောင် ရိုက်ကူးနိုင်ပါတယ်။


Video တွေကို 10-bit 4:2:2၊ S-Log နဲ့ S-Cinetone တွေမှာ14+ stop range အထိ internal recording လုပ်ထားနိုင်ပါတယ်။ LUT တွေကို ကင်မရာထဲထည့်သွင်းထားပြီး footage ထဲမှာ သုံးနိုင်ပါတယ်။ သို့ပင်သော်ငြား HDMI output ကနေ RAW (သို့မဟုတ်) ProRes နဲ့ record မလုပ်နိုင်ပါဘူး။

ဒီဇိုင်းပိုင်းအနေနဲ့ ယခင် a6xxx တွေနဲ့တူတူလောက်ပဲဆိုပေမယ့် a6700 မှာသုံးလို့ပိုကောင်းအောင်အနည်းငယ်ပြောင်းလဲထားပါတယ်။ Electronic View Finder (EVF) က ယခင်အတိုင်း 2.63m dot၊ 1.07x magnification နဲ့ 120fps အထိရတယ်ဆိုပေမယ့် ဆိုနီဘက်ကတော့ ပိုတောက်ပပြီး သုံးရတာပိုကောင်းတယ်လို့ဆိုထားပါတယ်။

Image: Sony

နောက်ထပ် a6700 မှာ ကိုင်ရတာပိုအဆင်ပြေအောင်ခုံးထားပေးတဲ့ AF-On ခလုပ်နဲ့ Sony ZV ကင်မရာတွေလို dial အသစ်ပါဝင်လာပါတယ်။ နောက်ဆုံးအနေနဲ့ 3" touchscreen က side-flip screen ဖြစ်သွားပြီး ဆိုနီရဲ့နောက်ဆုံးပေါ် touch menu တွေ icon တွေပါဝင်ပါတယ်။


Sony a6700 ရဲ့ဈေးနှုန်းက body ဆို $1399 ရှိပြီး kit lens ၂မျိုးနဲ့လည်းရနိုင်တယ်လို့ဆိုပါတယ်။ Sony PZ 16-50mm OSS lens နဲ့ဆိုရင် $1499 ကျသင့်ပြီး 18-135mm F3.5-4.5 OSS lens နဲ့ဆိုရင် $1799 ကျသင့်ပါတယ်။ UK နဲ့ US မှာဆိုရင် ဒီဇူလိုင်လလယ်လောက်မှာစတင်ဝယ်ယူနိုင်ပြီလို့သိရပါတယ်။

Source: Digital Camera World

#EnThueTech
#News
#Camera

Post a Comment

0 Comments