Subscribe Us

header ads

Wi-Fi ထက် အဆ ၁၀၀ ပိုမြန်သည့် အလင်းအခြေပြုကွန်ယက်နည်းပညာ Li-Fi

Image: PureLiFi

မနေ့က Institute of Electrical and Electronics Engineers (IEEE)ဟာ 802.11bb ကိုအလင်းအခြေခံကြိုးမဲ့ဆက်သွယ်ရေးစံနှုန်းတစ်ခုအဖြစ်‌ ထပ်လောင်းထည့်သွင်းလိုက်ပါတယ်။ ဒီစံနှုန်းသတ်မှတ်ခြင်းအပေါ် ကမ္ဘာလုံးဆိုင်ရာ Li-Fi(Light Fidelity) လုပ်ငန်းတွေက ဝမ်းမြောက်ဝမ်းသာကြိုဆိုကြပြီး ဒေတာပို့လွှတ်ခြင်းနည်းပညာကို ဖြန့်ကျက်အသုံးချရမှာ လွယ်ကူလာမယ်လို့ဆိုပါတယ်။

ရေဒီယိုလှိုင်းတွေထက် အလင်းကိုအသုံးပြုတဲ့အခါ အားသာချက်‌တွေအကြောင်း PureLiFi၊ Fraunhofer HHI၊ Light Communications နဲ့ 802.11bb Task Group အပါအဝင် Li-Fi အဖွဲ့အစည်းတွေက အသားပေးပြောဆိုကြပါတယ်။ Li-Fi ဟာ Wi-Fi နဲ့ 5G လို သမားရိုးကျကြိုးမဲ့နည်းပညာတွေထက် ပိုမိုမြန်ဆန်ကာလုံခြုံမှုရှိကြောင်း ဆိုပါတယ်။

Li-Fi ဟာ Wi-Fi နဲ့ 5G ရဲ့ အစားထိုးစရာတစ်ခု ဖြစ်လာမှာမဟုတ်ပါဘူး။ ရေဒီယိုလှိုင်းတွေဟာ ကမ္ဘာ့လေထုကိုဖြတ်သန်းပြီး ဝေးကွာလှတဲ့‌အရပ်ကိုပို့ဆောင်ပေးနိုင်တယ်၊အတားအဆီးကိုဖောက်ထွင်းနိုင်တယ် စတဲ့အားသာချက်ရှိနေဆဲဖြစ်ပါတယ်။


Fraunhofer HHI ရဲ့ ဗီဒီယိုမှာဆိုရင် Li-Fi စနစ်ဟာ နဂိုရှိရင်းစွဲ အခြေခံအဆောက်အဦက အလင်းကိုအသုံးပြုထားတာကို‌မြင်ရမှာပါ။ ဒီအလင်းတွေက သာမန်မျက်စိနဲ့မမြင်ရတာမို့ သင့်ကိုအနှောင့်အယှက်မဖြစ်စေနိုင်ပါဘူး။ Li-Fi ရဲ့ အားသာချက်က မြန်နှုန်း 224 GB/s အထိရှိတာတင်မဟုတ်ပါဘူး။ Fraunhofer HHI ရဲ့ Dominic Schultz က ထောက်ပြတဲ့အချက်မှာဆိုရင် Li-Fi ဟာ သီးသန့်ရောင်စဉ်လှိုင်းမှာသာအလုပ်လုပ်တာမို့ ပိုမိုယုံကြည်စိတ်ချရပြီး latency နည်းသလို ထစ်ငေါ့ခြင်းနည်းတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ပိတ်ဆို့နှောင့်ယှက်မှုကိုလျော့ပါးစေကာ ခိုးယူခံရမှုအန္တရာယ်ကိုလျော့ပါးစေပြီး အိမ်အတွင်းမှာဆိုရင် စင်တီမီတာအဆင့်တိကျမှုကို ရနိုင်တယ်လို့ဆိုပါတယ်။

ယခုအခါ IEEE 802.11bb စံနှုန်းကို ထုတ်ဝေလိုက်ပြီမို့ ထုတ်လုပ်သူတွေအနေနဲ့ ecosystem အပေါ် ယုံကြည်မှုပိုရှိလာနိုင်ပြီး သင့်လျော်သည့်နေရာတွင် ဒီနည်းပညာကို စတင်ပေါင်းစပ်လာနိုင်ပါပြီ။ Li-Fi လောကမှာအရေးပါတဲ့ pureLiFi ဟာ ချိတ်ဆက်ထားတဲ့စက်ပစ္စည်းတွေနဲ့ ပေါင်းစည်းဖို့ရာ Light Antenna ONE module ကို ပြင်ဆင်ထားပါတယ်။ အဆိုပါ 14.5 မီလီမီတာ ရှည်လျားတဲ့ အစိတ်အပိုင်းကို အကဲဖြတ်ဖို့ရာ OEMs တွေကို လောလောဆယ် ပေးအပ်နေပါပြီ။ သူ့တို့ရဲ့ကြော်ငြာမှာ Li-Fi က Wi-Fi ထက် ပိတ်ဆို့မှုမရှိတဲ့ချိတ်ဆက်မှုတွေ၊ လုံခြုံရေးနဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ ပိုမိုလုံခြုံမှုနဲ့ အမြင့်ဆုံး bandwidth အလုပ်တွေကို ကိုင်တွယ်နိုင်တာကြောင့် ပိုမိုကောင်းမွန်တယ်လို့ ကုမ္ပဏီကဆိုထားပါတယ်။

Li-Fi ကွန်ရက် ကိရိယာတွေနဲ့ စံနှုန်းကို အထောက်အပံ့ပေးတဲ့ပစ္စည်းတွေဟာ လက်ရှိအချိန်နဲ့ MWC ပွဲကျင်းပမယ့် လာမည့် ဖေဖော်ဝါရီလကြားလောက်မှာ ထွက်ပေါ်လာမယ်လို့ မျှော်လင့်ရပါတယ်။

Source: Tom's Hardware

#EnThueTech
#News

Post a Comment

0 Comments