Subscribe Us

header ads

AI သည် ချစ်ပ်ဒီဇိုင်းဖန်တီးမှုကို လွမ်းမိုးလာမည်ဖြစ်ကြောင်း Dr. Lisa Su ပြောကြား

Image: AMD

Artificial Intelligence (AI) ဟာ ချစ်ပ်ဒီဇိုင်းပြုရာမှာ ပြောင်းလဲနိုင်တဲ့တွန်းအားတစ်ခုအဖြစ် ပေါ်ထွက်လာပြီး မကြာသေးမီက တရုတ်နှင့် အမေရိကန်တို့ကနေ သူ့ရဲ့ အလားအလာကို ပြသတဲ့ နမူနာတွေနဲ့အတူ ထွက်ပေါ်လာပါတယ်။ Nvidia ရဲ့ CEO ဖြစ်သူ Jensen Huang က AI ဟာ လူတစ်ဦးချင်းစီကို ပရိုဂရမ်မာတွေဖြစ်လာအောင် စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်ထားပြီး AMD ရဲ့ CEO ဖြစ်သူ Lisa Su ကတော့ AI ဟာ ချစ်ပ်ဒီဇိုင်းကို လွှမ်းမိုးလာမယ့်ခေတ်ကို ခန့်မှန်းထားပါတယ်။

ရှန်ဟိုင်းမှာကျင်းပတဲ့ 2023 World Artificial Intelligence Conference (WAIC) ပွဲမှာ Su သည် မျိုးဆက်သစ် ချစ်ပ်ဒီဇိုင်နာတွေ အချင်းချင်း စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ အရေးကြီးပုံကို အလေးပေးပြောကြားခဲ့ပါတယ်။ ဒီနယ်ပယ်တွင် ထူးချွန်ဖို့ရာ အင်ဂျင်နီယာတွေအနေနဲ့ ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲလ်နှင့် အယ်လဂိုရီသမ်တွေကို အလုံးစုံနားလည်သဘောပေါက်ထားရမှာဖြစ်ပြီး ၎င်းတို့သည် စနစ်အသုံးပြုမှု၊ customer deployment နဲ့ အက်ပလီကေးရှင်းလိုအပ်ချက်တွေနဲ့ကိုက်ညီပြီး သာလွန်ကောင်းမွန်တဲ့ ချစ်ပ်ဒီဇိုင်းတွေကို ဖန်တီးနိုင်စေမှာပါ။

Large Language Models (LLMs) က လှုံ့ဆော်ပေးလိုက်တဲ့ AI တော်လှန်ရေးကြောင့် AI ကို ချစ်ပ်ဒီဇိုင်းလုပ်ငန်းစဉ်တွေမှာ ပေါင်းစပ်မှုဟာ အရှိန်အဟုန်နဲ့တိုးမြင့်လာခဲ့ပါတယ်။ Huang နဲ့ AMD ရဲ့ CTO ဖြစ်သူ Mark Papermaster နှစ်ဦးစလုံးက computing ကို အရှိန်မြှင့်ပြီး ချစ်ပ်ဒီဇိုင်းကို ပံ့ပိုးပေးရာမှာ AI ရဲ့အကျိုးကျေးဇူးတွေကို အသိအမှတ်ပြုထားကြပါတယ်။ AMD အနေနဲ့ AI ကို ဆီမီးကွန်ဒတ်တာတွေကို ဒီဇိုင်းပြု၊ စမ်းသပ်ခြင်းနဲ့ စိစစ်ခြင်းတွေမှာ စတင်အသုံးပြုနေပြီး ချစ်ပ်ဒီဇိုင်းဖန်တီးရာမှာ Generative AI ကို ချဲ့ထွင်အသုံးချဖို့ အစီအစဉ်တွေလည်းရေးဆွဲထားပါတယ်။

အခုအခါ ကုမ္ပဏီတွေဟာ ချစ်ပ်ဒီဇိုင်းပြုရာမှာ ရှုပ်ထွေးသောအလုပ်များကို ချောမွေ့စေဖို့နဲ့ကိုယ်တိုင်ဝင်ရောက်ဆောင်ရွက်ပေးရမှုကို အနည်းဆုံးဖြစ်စေဖို့ Electronic Design Automation (EDA) ကိရိယာတွေမှာ AI နည်းပညာပေါင်းစပ်ဖို့ တက်တက်ကြွကြွရှာဖွေနေကြပါတယ်။

အချက်အလက်အကန့်အသတ်နဲ့ တိကျမှုမှာ စိန်ခေါ်မှုတွေရှိနေပေမယ့် "EDA+AI" ကို ချဉ်းကပ်မှုဟာ ကြီးမားတဲ့ အလားအလာတစ်ခုဖြစ်ပါတယ်။ ဥပမာအားဖြင့်၊ Synopsys သည် AI ကိရိယာသုတေသနမှာ သိသိသာသာရင်းနှီးမြှုပ်နှံပြီး နယ်ပယ်အတွင်း ပထမဆုံး end-to-end AI-driven EDA solution ဖြစ်တဲ့ Synopsys.ai ကို မကြာသေးမီက စတင်ဆောင်ရွက်ခဲ့ပါတယ်။

ဒီပြည့်စုံတဲ့ solution ဟာ developer တွေကို system architecture နဲ့ ဒီဇိုင်းကနေထုတ်လုပ်ခြင်းတွေအထိ chip ဖန်တီးမှုအဆင့်အားလုံးမှာ AI ကိုပေါင်းစပ်ပြီး AI ၏ ချစ်ပ်ဒီဇိုင်းပြုတဲ့လုပ်ငန်းစဥ်မှာ သိသာထင်ရှားတဲ့ ခုန်ပျံကျော်လွှားမှု ရှိစေမှာဖြစ်ပါတယ်။

Source: Techpowerup

#EnThueTech
#News
#CPU
#AI

Post a Comment

0 Comments