![]() |
Image: META |
Facebook ကိုပိုင်ဆိုင်တဲ့ Meta ကုမ္ပဏီဟာ ပြိုင်ဘက် Twitter ကို ယှဉ်ပြိုင်ဖို့ရာ ဆိုရှယ်မီဒီယာအသစ် Instagram Threads ကို ဒီအပတ်အတွင်းမိတ်ဆက်ပေးသွားဖို့ရှိနေပါတယ်။ Threads ဟာ ဇူလိုင်လ ၆ရက်နေ့မှာစတင်အသက်ဝင်မှာဖြစ်ပြီး website က မြန်မာစံတော်ချိန် ည ၈း၃၀ လောက်မှာ စတင်အသက်ဝင်မှာဖြစ်ပါတယ်။
မကြာသေးခင်က Twitter ဟာ ကြည့်ရှုနိုင်တဲ့ Tweet အရေအတွက်ကို ယာယီကန့်သတ်ခဲ့ပြီး verify မလုပ်ထားတဲ့ အကောင့်တွေဟာ တစ်နေ့ကို post ၅၀၀ သာမြင်ရမှာဖြစ်ကာ verify လုပ်ထားတဲ့အကောင့်တွေက တစ်နေ့ကို post ၁၀၀၀၀ မြင်ရမှာပါ။အခြားဆိုရှယ်မီဒီယာတွေလို Threads ဟာ အသုံးပြုသူတွေထံက အချက်အလက်တွေအများအပြားကို စုဆောင်းနိုင်လို့ အချို့သုံးစွဲသူတွေအဖို့ စိုးရိမ်စရာလို့ရှုမြင်ကြပါတယ်။
Twitter ကို သုံးစွဲရတာကြိုက်နှစ်သက်ခြင်းမရှိသူတွေအတွက် Mastodon၊ Bluesky နဲ့ Donald Trump ရဲ့ Truth Social စတဲ့ app တွေရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Meta ရဲ့ Threads ဟာ Twitter ကို အဓိကယှဥ်ပြိုင်မယ့်သူဖြစ်လာနိုင်ပါတယ်။
Threads ဟာ Instagram ပလက်ဖောင်းကိုအခြေခံထားတာကြောင့် အခြားဆိုရှယ်မီဒီယာတွေလို တစ်ကနေ စတင်ဖို့မလိုပဲ သန်းပေါင်းများစွာရှိတဲ့ Instagram အကောင့်တွေကိုချိတ်ဆက်ပေးနိုင်ပါတယ်။
Meta ပဲ့ကိုင်ရှင် Mark Zuckerberg ဟာ သူကတိကဝတ်ပြုထားတဲ့ လွတ်လပ်စွာပြောဆိုခွင့်အတွက် အချို့နေရာတွေမှာ ချီးကျူးမှုကိုခံနေရသည့်တိုင် သုံးစွဲသူအချို့ကိုလည်း သူ့ပလက်ဖောင်းမှကင်းကွာသွားစေခဲ့ပါတယ်။
Source: BBC and OC3D
#EnThueTech
#News
0 Comments