Subscribe Us

header ads

EU ကဲ့သို့ စံပြုအားသွင်းစနစ် အကောင်အထည်ဖော်လိုသည့် အမေရိကန်အမတ်များ

Image: Flickr

ဥရောပသမဂ္ဂရဲ့ ဥပဒေပြုအမတ်တွေဟာ USB Type C ကို charging interface standard အဖြစ်ထားရှိဖို့ သဘောတူညီမှုရရှိခဲ့အပြီးမှာ အမေရိကန်ပြည်ထောင်စုက အမတ်တွေဂာလည်း ဒီလိုပုံစံမျိုးစဉ်းစားလာကြပါတယ်။ ဒီကိစ္စဟာ အစောပိုင်းမှာသာရှိနေပေမယ့် ဒီမိုကရက်အမတ်တွေ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးထံတင်ထားတဲ့စာကို အကောင်အထည်ဖော်လာဖို့က ကြာရှည်ဦးမှာပါ။

ဒီမိုကရက်အမတ်‌တွေစာတင်ရတဲ့ အကြောင်းပြချက်ကတော့ EU အမတ်တွေလိုပါပဲ e-waste ဆိုတဲ့ အီလက်ထရောနစ်စွန့်ပစ်အမှိုက်‌တွေလျော့ကျစေဖို့နဲ့ သုံးစွဲသူတွေပိုမိုလွယ်ကူအဆင်ပြေစေဖို့ဖြစ်ပါတယ်။ စာထဲမှာဖော်ပြထားချက်အရ သာမန်သုံးစွဲသူတစ်ဦးမှာ ဖုန်းအားသွင်းခေါင်း ၃ခုလောက်ရှိပြီး တစ်ခါတစ်လေမှာ အားသွင်းခေါင်းတွေဟာမကိုက်ညီကြောင်း သုံးစွဲသူ၄၀%လောက်ကဆိုပါတယ်။

ဒီလိုဖန်တီးနိုင်ခဲ့မယ်ဆိုရင် သုံးစွဲသူတွေမှာ ကိုက်ညီမှုမရှိတဲ့အားသွင်းခေါင်း‌နဲ့ကြိုးတွေစုပုံနေတာကိုအဆုံးသတ်နိုင်လိမ့်မယ်လို့ဆိုပါတယ်။ အခုဆိုရင် မ်ုဘိုင်းလ်နဲ့ကွန်ပြူတာနယ်ပယ်မှာ USB Type-C ကိုစံနှုန်းတစ်ခုဖြစ်အောင်တွန်းအားပေးနေကြပြီပဲဖြစ်ပါတယ်။ ဒါ့ကြောင့်ဥပဒေကြောင်းအရ မက်လုံးပေးလိုက်တာဟာ အပြောင်းအလဲကိုပိုမိုမြန်ဆန်စေမှုဖြစ်ပါတယ် ဒါပေမယ့် USB စံနှုန်းဟာ နိုင်ငံရေးသမားတွေတွေးထင်ထားသလိုမရိုးရှင်းပဲ အချို့စားသုံးသူအချို့ရဲ့မကြေနပ်မှုတွေရှိလာနိုင်ပါတယ်။ ဘယ်လိုပင်ဖြစ်ပါစေ certified USB PD နဲ့ကိုညီတဲ့ပစ္စည်းတွေဟာ ရေရှည်မှာလူတိုင်းရဲ့ဘဝကိုလွယ်ကူစေမှာပါ။ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအနေနဲ့ လွှတ်တော်အမတ်တွေနဲ့ သဘောတူညီမှုရရှိခဲ့တောင်မှ USB Type-C ကို စံနှုန်းတစ်ခုအဖြစ်လက်ခံနိုင်ဖို့ အချိန်ကသာအဆုံးဖြတ်ပေးနိုင်ပါလိမ့်မယ်။

Source: Techpowerup

#EnThueTech
#News

Post a Comment

0 Comments