ကယ်လီဖိုးနီးယားပြည်နယ်မှာကျင်းပခဲ့တဲ့ PCI Special Interesting Group (PCI-SIG) ဟာသူတို့ရဲ့ Developer Conference 2022 ပွဲမှာ အနာဂတ် PCIe specification ကိုကြေညာသွားခဲ့ပါတယ်။ ဒါဟာ ဇန်နဝါရီလမှာတုန်းကကြေညာခဲ့တဲ့ PCIe 6.0 specification အပြီးနောက်ထပ်ကြေညာချက်တစ်ခုဖြစ်ပါတယ်။
ယခင် PCIe မျိုးဆက်တွေအတိုင်း PCIe 7.0 ဟာ 64GT/s ကနေ 128 GT/sကိုတိုးတက်လာခဲ့သလို bandwidth ၂ဆတိုးလာမှာဖြစ်ပြီး x16 connection မှာ 512 GB/s အထိရှိလာပါမယ်။
PCIE 7.0မှာ 1b/1b flit mode encoding ကိုအသုံးပြုပြီး PCIE 6.0 မှာမိတ်ဆက်ခဲ့တဲ့ အဆင့်၄ခုပါတဲ့ Pulse Amplitude Modulation (PAM4) ကိုအခြေခံထားပါတယ်။ ကော်မရှင်အနေနဲ့ စွမ်းအင်သုံးစွဲမှုပိုမိုထိရောက်ကာ latency ပိုနည်းပြီး ယုံကြည်စိတ်ချရမှုမြင့်မားအောင် အာရုံစိုက်နေကြောင်းဆိုပါတယ်။ ထုံးစံအတိုင်း PCIe 7.0 ဟာ ယခင်မျိုးဆက်တွေနဲ့ compatible ဖြစ်ပါတယ်။
PCIe 7.0ကို 800G Ethernet ArtificiaI Intelligence Machine Learning Cloud နဲ့ quantum computing စတဲ့နေရာတွေမှာ အသုံးပြုလာမယ်လို့ မျှော်မှန်းထားပါတယ်။ PCIe 7.0 ဟာ အချက်အလက်အသားပေးတဲ့အလုပ်တွေဖြစ်တဲ့ hyperscale data center၊ High-Performance Computing အပြင် စစ်ဘက်နဲ့ အာကာသနယ်ပယ်တွေအတွက် အကူအညီဖြစ်စေမှာပါ။
PCIE 7.0 သုံးလာမယ့် ပစ္စည်းတွေထွက်လာဖို့ကအများကြီးလိုပါသေးတယ်။ Specification ကို ၂၀၂၅လောက်မှာ စတင်သတ်မှတ်မှာဖြစ်ကာ hardware တွေက ၂၀၂၈လောက်မှထွက်လာမှာဖြစ်ပြီး PCIE 6.0 တောင်ရောက်ရှိလာဖို့ကျန်ပါသေးတယ်။
Source: TechSpot
#EnThueTech
#News
0 Comments