Epic Games ရဲ့ State of Unreal 2022 ပွဲမှာ Epic Games ဟာ Unreal Engine ကို ရယူအသုံးပြုနိုင်ပြီလို့ကြေညာခဲ့ပါတယ်။ Tom Raider ဂိမ်းတွေရေးဆွဲတဲ့ Crystal Dynamics ဟာလည်း Unreal Engine 5 ကို အသုံးပြုထားတဲ့ Tomb Raider ဂိမ်းအသစ်ကိုဖန်တီးနေကြောင်း အတည်ပြုခဲ့ပါတယ်။
Crystal Dynamics သာမက CD Projekt Red ဟာလည်း Unreal Engine 5 ကိုသုံးလာမယ်လို့ဆိုပါတယ်။ Unreal Engine 5 ဟာ Unreal Engine 4 နဲ့ interface တွေအတော်တူညီပြီး ဂိမ်းဖန်တီးသူအများစုနဲ့မစိမ်းဖူးလို့ဆိုပါတယ်။ Unreal Engine ကိုပြောင်းလဲအသုံးပြုခြင်းဟာ ပိုပိုရိုးရှင်းသလို စားရိတ်လည်းသက်သာစေတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဂိမ်းရေးဆွဲသူတွေဟာ လိုအပ်လာရင် ဂိမ်းအင်ဂျင်ကပေးစွမ်းတာထက်ပိုထုတ်နိုင်အောင် ထည့်သွင်းမှုတွေစိတ်ကြိုက်ပြုလုပ်နိုင်ပါတယ်။
Tom Raider ဂိမ်းအသစ်အကြောင်းမသိရသေးပေမယ့် နောက်ဆုံးထွက်ထားတဲ့ဂိမ်းတွေရဲ့အဆက်ဖြစ်နိုင်သလို reboot လည်းဖြစ်နိုင်ပါတယ်။ ဘယ်တော့ထွက်မလဲ ဘယ်ပလက်ဖောင်းကိုထွက်မယ်ဆိုတာမသိရသေးပေမယ့် PC၊ PS5 နဲ့ Xbox Series X/S တွေမှာသာ ရမယ်လို့မျှော်လင့်ရပါတယ်။
နောင်ထွက်ရှိလာမယ့် အခြားဂိမ်းတွေဖြစ်တဲ့ Stalker 2၊ Black Myth: Wukong Dragon၊ Quest XII နဲ့ Ark 2 တို့ဟာ Unreal Engine 5 ကိုအသုံးပြုလာမှာဖြစ်ပါတယ်။
Source: OC3D and Techspot
0 Comments