DuckDuckGo ဆိုတာ နာမည်အရဆုံး ကိုယ်ရေးကိုယ်တာဆိုင်ရာအလေးပေးတဲ့ search engine တစ်ခုဖြစ်ပြီး အချက်အလက်တွေအများကြီးယူထားတတ်တဲ့ Google အစား အခြားရွေးချယ်စရာတစ်ခုလည်းဖြစ်ပါတယ်။ အခြားရှာဖွေရေး search engine တွေနဲ့မတူတာက ထိလွယ်ရှလွယ်တဲ့သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်လက်တွေကိုသိမ်းဆည်းထားတာဒါမှမဟုတ် ရှာဖွေထားတဲ့အချက်အလက်တွေကိုကြော်ညာတွေအတွက်အသုံးပြုတာတွေမရှိပါဘူး။
DuckDuckGo ဟာ အခုဆိုရင် piratcy website တွေဖြစ်တဲ့ The Pirate Bay၊ 1337xနဲ့ YTS တို့ကို သူ့ရဲ့ search engine ပေါ်ကနေရှာဖွေဝင်ရောက်ခွင့်မပေးတော့သလို ဒီsite တွေရဲ့ domain တွေကိုလည်း database ကနေလုံးဝဖယ်ရှားထားလိုက်ပြီလို့ဆိုပါတယ်။ ဒီလိုဖယ်ရှားမှုတွေထဲမှာ နာမည်ကြီးpirate site တွေအပြင်၊ torrent index၊ movie streaming portal တွေနဲ့ crack ဂိမ်းတွေရယူနိုင်တဲ့blog တွေလည်းပါဝင်ပါတယ်။ ဒါပေမယ့် နာမည်မကြီးသေးတဲ့ website တွေကတော့ရှိနေဦးမှာပါ။
မူပိုင်ခွင့်ရှိတဲ့အကြောင်းအရာတွေကို မထည့်သွင်းထားတာက DuckDuckGo အတွက် ဒီလိုပြောင်းလဲမှုဟာ မူပိုင်ခွင့်ဆိုင်ရာပြဿနာရှိနိုင်တာတွေကို ဖယ်ရှားပြီးသားဖြစ်စေမှာပါ။ Google မှာတော့ အလိုအလျောက်ဖြေရှင်းတဲ့စနစ်တွေရှိနေပါတယ်။ ဥပမာ UK အစရှိတဲ့ဒေသအချို့မှာ piratcy website တွေကိုဖယ်ရှားထားတာမျိုးတွေဖြစ်ပါတယ်။
ထူးဆန်းတာက ဒီလို့ဖယ်ရှားမှုမှာ YouTube နဲ့ အခြားအွန်လိုင်းဗီဒီယိုတွေအတွက် python အခြေခံ open source downloader ဖြစ်တဲ့ youtube-dl ကိုပါဖယ်ရှားလိုက်တာပါ။ RIAA ရဲ့ စိန်ခေါ်မှုတွေရှိနေပေမယ့် Electronic Frontier Foundation ဟာ youtube-dl ရဲ့ တရားဝင်မှုကို ကာကွယ်ပေးထားပြီး ဒီ tool ဟာ သိမ်းဆည်းခြင်းနဲ့မှတ်တမ်းတင်ခြင်းတွေအတွက် အရေးကြီးကြောင်းဆိုပါတယ်။
DuckDuckGo အနေနဲ့ ဒီကိစ္စကိုကင်းလွတ်ခွင့်ပေးဖို့ ဂျာနယ်လစ်တွေမေးမြန်းမှုတွေကို ဖြေကြားထားခြင်းမရှိသေးပါဘူး။ ကုမ္ပဏီဟာ မကြာသေးခင်ကလည်း ကိုယ်ရေးအချက်အလက်လုံခြုံမှုအသားပေး desktop web browser ကို Android အတွက်ထုတ်ပေးခဲ့ပြီးနောက်် Windows နဲ့ Mac အတွက်ပါထုတ်ဝေခဲ့ပါသေးတယ်။
DuckDuckGo ဟာ ဒီကိစ္စကိုရှင်းလင်းပြောကြားခြင်းမပြုသေးပါဘူး ဒါပေမယ့် လက်ရှိမှာ piratcy website တွေကိုရှာကြည့်လို့တော့ရနေပါသေးတယ်။
Source: Techspot and Yugatech
0 Comments