မနေ့ညက ကျနော်သတင်းတွေကြည့်ရင်း Ukraine Now Telegram Channel မှာ "Googleဟာ ရုရှားစစ်စခန်းတွေရဲ့ပုံတွေကို Google Maps မှာ ကြည်ကြည်လင်လင်မြင်ခွင့်ပေးထားကြောင်း" သတင်းတစ်ပုဒ်ကိုတွေ့လိုက်ပါတယ်။ တကယ်တမ်းရှာဖွေကြည့်တဲ့အခါမှာလည်းအချို့ရုရှားစစ်စခန်းတွေရဲ့ပုံရိပ်တွေဟာ ပုံမှန်ထက်ကိုသိသိသာသာမြင့်မားတဲ့ resolution ရှိနေတာကိုတွေ့ရပါတယ်။
ရုရှားစစ်စခန်းတွေရဲ့ပုံရိပ်တွေနဲ့ပတ်သက်ပြီး The Verge ရဲ့ မေးမြန်းမှုကို Googleရဲ့ ပြောရေးဆိုခွင့်ရှိသူ Genevieve Park က email မှတဆင့်ဖြေကြားထားရာမှာတော့ "Google အနေနဲ့ ရုရှားရဲ့ဂြိုလ်တုဓာတ်ပုံတွေကို အပြောင်းအလဲလုပ်မထားကြောင်းနဲ့ ဒီပုံတွေဟာ စစ်ပွဲမစတင်ခင်ကတည်းကရှိနေတာ" လို့ဆိုပါတယ်။ "Google အနေနဲ့ အမေရိကန်ရဲ့ နယ်လစ်လေတပ်စခန်းနဲ့ နာမည်ကြီး Area 51 တို့ကိုလည်း ဆင်တူတဲ့ပြတ်သားမှုရှိတဲ့ပုံရိပ်တွေကြည့်ခွင့်ပေးထားတာဖြစ်တယ်" လို့ဆိုပါတယ်။
Google ဟာ ရုရှားယူကရိန်းစစ်ပွဲစတင်ကတည်းက ရုရှားနိုင်ငံမှာ Google Pay အသုံးပြုမှုကိုပိတ်ပင်ခြင်းနဲ့ ရုရှားရဲ့ ထင်ရှားတဲ့ အခြေစိုက်မီဒီယာတွေကို ကြော်ငြာတွေကနေဝင်ငွေရရှိနေမှုကိုပိတ်ပင်ခဲ့သလို ယူကရိန်းနိုင်ငံအတွက် Google Maps ရဲ့ Live Traffic data ကိုလည်းရပ်ဆိုင်းခဲ့ပါတယ်။
Source: The Verge, Business Standard and Ukraine Now
0 Comments