Netflix ဟာ ဆယ်နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ် subscriber တွေကိုဆုံးရှုံးခဲ့ရပါတယ်။ ၂၀၂၂ခုနှစ် ပထမ၄လပတ်မှာ subscribe လုပ်သူကျဆင်းလာတာကြောင့် subscriber ၂သိန်းခန့်ကိုဆုံးရှုံးခဲ့ရသလို ရုရှားဈေးကွက်ကနေထွက်ခွာခဲ့ခြင်းကြောင့် subscriber ၇သိန်းခန့်ဆုံးရှုံးခဲ့ရပါတယ်။
ဒါဟာ Netflix အတွက် သတင်းဆိုးလို့ယူဆနိုင်ပေမယ့် ၂၀၂၁ခုနှစ် စတုတ္ထ၄လပတ်မှာ subscriber ပေါင်း ၈.၂၈သန်းရရှိခဲ့တာကြောင့် သေးငယ်တဲ့ပမာဏလို့ယူဆနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Wall Street က သုံးသပ်သူတွေက Netflix အနေနဲ့ ဒီနှစ်ဝက်မှာ subscriber ၂.၅သန်းရရှိမယ်လို့ခန့်မှန်းထားပြီး subscriber တွေလျော့ကျသွားခြင်းက ကုမ္ပဏီနဲ့ ရှယ်ယာတန်ဖိုးကိုပါထိခိုက်စေပါတယ်။
၂၀၂၂ခုနှစ် ဒုတိယနှစ်ဝက်မှာ Netflix ဟာ subscriber ၂သန်းလောက်ဆုံးရှူံးမယ်လို့ခန့်မှန်းထားပါတယ်။ ဒါဟာ ကမ္ဘာ့စီးပွားရေးအခြေအနေဆိုးရွားလာမှု၊ ယူကရိန်းစစ်ပွဲနဲ့ လောင်စာဆီဈေးနှုန်းမြင့်တက်လာတာကြောင့်လို့ဆိုပါတယ်။ Netflixရဲ့ US နဲ့ UK တို့မှာ ဈေးနှုန်းမြှင့်တင်လိုက်မှုဟာလည်း ဒါကိုအကူအညီဖြစ်စေမှာမဟုတ်ပါဘူး။ Netflix ကြည့်ရှုသူအများပြားဟာ လက်ရှိမှာ ကျပ်တည်းလာတဲ့စီးပွားရေးကြောင့် plan တွေကို downgrade သို့ cancel လုပ်တာတွေရှိလာပါတယ်။
Netflix ဟာ ကမ္ဘာ့တဝှမ်းမှာ subscriber ပေါင်း ၂၂၁.၆၄သန်းရှိနေပါတယ်။
Netflix ဟာ လက်ရှိမှာ password sharing ကို ဖျက်သိမ်းဖို့ကြံရွယ်နေပါတယ်။ Netflix ရဲ့ခန့်မှန်းချက်တွေအရ အိမ်ထောင်စုပေါင်း သန်းတရာလောက်ဟာ password sharing ကြောင့် အကျိုးကျေးဇူးတွေခံစားနေရပါတယ်။
Netflix ရဲ့ CEO ဖြစ်သူ Reed Hastings က ပိုမိုဈေးသက်သာပြီး ကြော်ငြာတွေထည့်သွင်းထားတဲ့ plan ကိုမိတ်ဆက်ပေးလိုနေပါတယ်။ အဆိုပါ plan ကြောင့် Netflix အနေနဲ့ ပိုမိုဈေးသက်သာအောင် ဖန်တီးပေးနိုင်မှာပါ။ Netflix ဟာ အဆိုပါ plan ကို အသုံးပြုသူတွေအတွက် သီးခြားရွေးချယ်ခွင့်ပြုမှာဖြစ်ပြီး နောက် ၁နှစ် သို့ ၂နှစ်အတွင်းဖြစ်လာမှာပါ။
ဈေးနှုန်းကြီးမြင့်လာမှု၊ ပြိုင်ဆိုင်မှုပြင်းထန်လာမှုနဲ့ ကမ္ဘာ့စီးပွားရေးအခြေနေဆိုးဝါးလာမှုတို့က Netflixရဲ့ subscriber အရေအတွက်ကိုထိခိုက်စေခဲ့ပြီး ၂၀၂၂ခုနှစ် ဒုတိယနှစ်ဝက်ဟာ ပိုမိုဆိုးရွားလာဖွယ်ရှိနေပါတယ်။
Source: OC3D
0 Comments