Xiaomi ရဲ့ ပထမဆုံးအနေနဲ့ရောင်းချမယ့် Redmi curved monitor ဟာ စိတ်ဝင်စားစရာအပြည့်ပါ။ ဈေးနှုန်းသက်သာတာအပြင် ဒီ ultrawide gaming monitor ဟာ ပါးလွှာပြီးရိုးရှင်းတဲ့ဒီဇိုင်းနဲ့ RGBတွေဘာ တွေလည်းမထည့်ထားပါဘူး။
Spec တွေက ဒီလက်မ၃၀မော်နီတာမှာ 21:9 aspect ratio 1800R Curvature 2560x1080resolution နဲ့ 200Hz refresh rate ပါဝင်ပါတယ်။ Panel က 8-bit VA panel ဖြစ်ပြီး 4ms GTG response times၊ 300 nits peak brightness နဲ့ 126% sRGB coverage ရှိပါတယ်။
တရုတ်website ကအချက်အလက်တွေအရ 3000:1 contrast ratio နဲ့ AMD FreeSync Premium ကိုအထောက်အပံ့ပေးတယ်လို့ဆိုပါတယ်။ HDMI Ports ၂ခု(2.1 &1.4)၊ DisplayPort 1.2 နဲ့ 3.5mm audio jack လည်းပါဝင်ပါတယ်။
Redmi Curve Monitor ကို တရုတ်နိုင်ငံမှာ ဧပြီလ ၈ရက်မှာစတင်ရောင်းချမှာဖြစ်ပြီး နိုင်ငံတကာမှာရောင်းချဖို့အစီအစဉ်ရှိမရှိမသိရသေးပါဘူး။
Source: Techspot
#EnThueTech
#News
0 Comments