Steam ဟာ လစဉ်တိုင်း ဂိမ်မာတွေရဲ့ Hardware နဲ့ Softwareတွေရဲ့ စာရင်းကိုထုတ်ပြန်ပေးလေ့ရှိပါတယ်။ Steam ရဲ့ ၂၀၂၂ခုနှစ်ရဲ့ မတ်လစာရင်းကောက်ယူထားမှုအရ Steam(Windows) အသုံးပြုသူအားလုံးမှာ 6 Cores CPU ကို Quad Cores CPU တွေထက် အသုံးပြုသူအများဆုံးဖြစ်လာကာ 34.22%အထိရှိလာပါတယ်။ ယခင်လထက်စာရင် 1.19%တိုးတက်လာပါတယ်။ 8 Cores CPU တွေကတော့ 17.72%နဲ့ တတိယနေရာမှာရှိနေပါတယ်။
CPU ပိုင်းမှာတော့ Intel ဟာ 69.32%ဝေစုရထားပြီး ယခင်လထက် 0.26%တိုးတက်လာပါတယ်။ AMD ကတော့ 30.66%ရှိပြီး 0.26%ကျဆင်းသွားပါတယ်။
GPU ပိုင်းမှာတော့ Nvidiaဟာ 77.13%နဲ့ ဦးဆောင်ထားပြီး အသုံးအများဆုံးGPU က GTX 1060ဖြစ်ပါတယ်။
Source: Steam
0 Comments