Subscribe Us

header ads

Intel မှ ၂၀၂၄ခုနှစ်အထိရှိတဲ့ လမ်းပြမြေပုံကိုပြသ


Intel ရဲ့ CEO Pat Gelsinger ဟာ 2022 Invester Meeting မှာတက်ရောက်လာသူတွေကို Intel အနေနဲ့လာမယ့်နှစ်တွေအတွင်း ပိုမိုဖွံ့ဖြိုးပြီး နည်းပညာပိုင်းဆိုင်ရာအားသာချက်တွေရှိဖို့ ဖော်ဆောင်နေတဲ့ မဟာဗျူဟာတွေကိုတင်ပြခဲ့ပါတယ်။ ဒီတင်ပြချက်တွေထဲမှာ နောက်ထွက်ရှိမယ့် datacenter နည်းပညာတွေကနေ မော်တော်ယာဉ်တွေအတွက်အဓိကထားတဲ့ foundry လုပ်ငန်းတွေအထိပါဝင်ပါတယ်။ ဒါ့အပြင် တက်ရောက်လာသူတွေကို Intel ရဲ့ ဆာဗာပိုင်းနဲ့ mainstream CPU တွေနဲ့ လမ်းပြမြေပုံကိုပါ ပြသပေးခဲ့ပါတယ်။


ဒီ meeting မှာ တင်ပြချက်တွေအရ Intel 7 process နဲ့ထုတ်လုပ်သွားမယ့် Sapphire Rapids ၂၀၂၂ခုနှစ် ပထမ၆လထဲမှာ ဈေးကွက်ထဲရောက်လာပါလိမ့်မယ်။

ဒါပြီးရင် နောက်ထွက်လာမှာက Emerald Rapids ကို ၂၀၂၃ခုနှစ်နဲ့ ၂၀၂၄ခုနှစ် မှာ P-Cores တွေ E-cores အသစ်တွေပါဝင်လာမယ့် Sierra Forest နဲ့ Granite Forrest တွေအကြောင်းပြောဆိုသွားပါတယ်။

Intel Client Computing Group (CCG)ဟာ နောင်ထွက်ရှိလာမယ့်နည်းပညာအသစ်တွေအကြောင်း ပြသခဲ့ပါတယ်။ အသစ်ထွက်ရှိလာမယ့် မျိုးဆက်သစ် Raptor Lake တွေဟာ Intel 7 process node နဲ့တည်ဆောက်လာမှာဖြစ်ပြီး live မှာပြသခဲ့ကာ ၂၀၂၂ခုနှစ် ဒုတိယ၆လထဲမှာ တင်ပို့မယ်လို့ဆိုပါတယ်။


Intel အနေနဲ့ ဒီ CPU အသစ်တွေဟာ စွမ်းဆောင်ရည် ဂဏန်း၂လုံးစာလောက်တိုးတက်လာမှာဖြစ်ပြီး core နဲ့ thread တွေလည်းတိုးလာမှာဖြစ်ကာ လက်ရှိ Alder Lake ရဲ့ LGA 1700 မှာတပ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။


ပြသချက်တွေထဲမှာ အသစ်ထွက်ရှိလာမယ့် Intel 4 process node ကို အခြေခံလာမယ့် Intel CCG processor တွေအကြောင်းကိုလည်းသိလိုက်ရပါတယ်။ ဒီထဲမှာ ၂၀၂၃ခုနှစ်မှာထွက်မယ့် Meteor Lake နဲ့ ၂၀၂၄ခုနှစ်မှာထွက်မယ့် Arrow Lake တွေအကြောင်းလည်းပါဝင်ပါတယ်။


၂၀၂၄ခုနှစ်အလွန်မှာတော့ Intel ဟာ Lunar Lake နဲ့ အခြား အနာဂတ်ထုတ်ကုန်တွေအတွက် သူတို့ရဲ့ IDM 2.0 ဗျူဟာကို အသုံးချဖို့စီစဉ်နေပါတယ်။

Intel ဟာ သူတို့အရမ်းအားထားနေတဲ့ Arc Graphics တွေအကြောင်းကိုလည်းပြောသွားပါတယ်။ Intel ဟာ ၂၀၂၂ခုနှစ်တစ်နှစ်ထဲမှာ သီးခြား GPU ပေါင်း ၄သန်းလောက်အထိ တင်ပို့ဖို့ရည်မှန်းထားပါတယ်။ ဒီကိန်းဂဏန်းတွေထဲမှာ ဒုတိယနဲ့ တတိယ၄လပတ်တွေလောက်ထွက်လာမယ့် laptop၊ desktop နဲ့ workstation တွေအတွက် Arc Alchemist GPU တွေလည်းပါဝင်ပါတယ်။ Ultra Enthusiast အတန်းအစား GPU ဖြစ်တဲ့ Celestial ကိုတော့ လက်ရှိဖန်တီးနေပြီဆိုပေမယ့် ဘယ်တော့ထွက်လာမလဲတော့ မသိရသေးပါဘူး။

Source: Techspot

#EnThueTech
#News #Intel

Post a Comment

0 Comments