Subscribe Us

header ads

Review: MSI Pulse 15 B13V with Nvidia RTX 4060


MSI ရဲ့ Pulse series ဆိုတာ စျေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်အသားပေးတဲ့ Katana GF series တွေထက် စွမ်းဆောင်ရည်ပိုင်းနဲ့ တည်ဆောက်မှုမှာ ပိုမိုသာလွန်ကောင်းမွန်အောင်ဖန်တီးထားတဲ့ gaming laptop တွေဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့လည်း ယခင်က Pulse series ထဲက GL66 ကို Review လုပ်ခဲ့ပြီး အခုဆိုရင်လည်း 13th Gen CPU/ RTX 40 Series နဲ့ ပွဲထွက်လာတဲ့ Pulse 15 B13V အပေါ် ကျွန်တော့်ရဲ့အမြင်တွေကို မျှဝေပေးချင်ပါတယ်။ ကျွန်တော်ရရှိထားတဲ့ review unit လေးကတော့ Intel Core i7-13700H CPU နဲ့ NVIDIA RTX 4060 graphics ကို တွဲဖက်ထားတဲ့ MSI ရဲ့ Pulse 15 B13V ပဲဖြစ်ပါတယ်။

Specifications

CPU: Intel Raptor Lake Core i7-13700H (14Cores/20Threads, 6 P-Cores and 8 E-Cores)
Memory: 8GB*2 (DDR5 5200MHz)
Graphics: Nvidia RTX 4060 8GB GDDR6
Storage: 1TB NVMe PCIe Gen4 x4 SSD
Display: 15.6in 320 Hz Full HD IPS Level Screen
Dimensions (WxDxH): 359 x 259 x 26.9 mm
Weight: 2.3 kg
I/O Ports: 1x USB Type-C 3.2 Gen 1(USB3.2 Gen1 / DP)
2x USB Type-A 3.2 Gen 1
1x USB Type-A 2.0
1x HDMI 2.1 (8K @ 60Hz / 4K @ 120Hz)
1x RJ45
Connectivity: Wi-Fi 6, Bluetooth 5.2
Webcam: 720P
Speakers: 2x 2W
Audio Jack: 1x 3.5mm Audio Combo Jack (HiFi)
Operating System: Windows 11 Home
Battery: 90WH (4 Cell Li-Ion)
Power Adaptor: 240W
Price: $1899-$400=$1499

Design and Build Quality

Design အနေနဲ့ပြောရရင် Pulse 15 ဟာ အရင်မော်ဒယ် Pulse GL66 နဲ့ aesthetic ပိုင်းလောက်ကလွဲရင် အားလုံးတူတယ်လို့ပြောနိုင်ပါတယ်။ Pulse 15 မှာ ယခင်အတိုင်း lid ကို ခဲရောင်ရင့်တဲ့အလူမီနီယံသုံးထားပေမယ့် အခု မော်ဒယ်မှာ MSI တံဆိပ်ကို ညာဘက်မှာကြီးမားစွာထည့်သွင်းလာတာကို တွေ့ရပါတယ်။


screen ရဲ့ဘေးဘောင်လေးတွေက နောက်ပိုင်း laptop တွေထုံးစံအတိုင်းပါးတယ်ဆိုပေမယ့် အပေါ်ပိုင်းကတော့ အရင်လိုထူနေတုန်းပါပဲ။ lid နဲ့ keyboard ကိုဖိကြည့်တဲ့အခါ ညွှတ်သွားတာမျိုးမတွေ့ရပဲ အတော်လေးတောင့်တင်းတာကိုတွေ့ရပါတယ်။


သူ့screen ဘောင်လေးတွေက နောက်ပိုင်းအတွေ့များလာတဲ့ ခပ်ပါးပါးစတိုင်လေးမို့ အတော်လေးမိုက်တယ်ခံစားရပါတယ်။ lid က လက်တစ်ဖက်တည်းနဲ့ အသာလေးဖွင့်လို့ရသလို တောင့်တောင့်တင်းတင်းလည်းရှိပါတယ်။ 720P Webcam ပါတယ်ဆိုပေမယ့် Windows Hello အတွက် Webcam နဲ့တွဲဖက်အလုပ်လုပ်မဲ့ IR Camera တော့မပါဝင်ပါဘူး။




Cooling အတွက် Air Intake အပေါက်လေးတွေက laptop ကိုယ်ထည်အောက်မှာသာရှိပါတယ်။ Exhaust တွေကိုအနောက်ဘက်နဲ့ ဘယ်ဘက်ဘေးကိုပို့ထားတဲ့အတွက် mouse နဲ့တွဲသုံးတဲ့အခါ လေပူတွေကြောင့် အနှောင့်အယှက်မဖြစ်စေနိုင်ပါဘူး။


ကိုယ်ထည်က အလျား 359mm၊ အနံ 259mm နဲ့ အမြင့် 26.9mmရှိလို့ အရင်မော်ဒယ်ထက် အနည်းငယ်ထူလာပါတယ်။ Screen ဘေးဘောင်တွေပါးလာသလို သူ့ရဲ့ အလေးချိန်ကလည်း 2.3kg ဆိုတော့ Gaming Laptop တစ်ခုအတွက်ပုံမှန်ပဲလို့ဆိုနိုင်ပါတယ်။


quick access panel မပါတဲ့အတွက် Memory နဲ့ Storage တိုးဖို့ screw ၁၃ လုံးလောက်အထိဖြုတ်ရမှာပါ။

Display

Display အနေနဲ့ပြောရရင် Pulse 15 မှာ Sharp ရဲ့ 15.6လက်မ Full HD Display ဖြစ်တဲ့ LQ156M1JW30 Panel ကိုသုံးထားပါတယ်။ အရင် Pulse GL66 မှာတုန်းက 240Hz သာရခဲ့ပေမယ့် Pulse 15 B13V မှာ 320Hz ဖြစ်လာတာမို့ အရင်ထက်ပိုကောင်းလာတယ်လို့ဆိုနိုင်ပါတယ်။




ဒီ panel ကိုသဘောကျတဲ့အချက်က မြန်ဆန်မှုရှိတဲ့အပြင် ghosting အတော်နည်းပါးတာမို့ eSport ဂိမ်းတွေကိုကစားတဲ့အခါမှာလည်း အရမ်းသွက်လက်ပြီး အရင်စမ်းဖူးတဲ့ laptop အများစုထက် ပိုမိုသာလွန်တယ်ဆိုတာသိသိသာသာခံစားရပါတယ်။


Screen ဟာ Viewing Angle လည်းကောင်းမွန်တာတွေ့ရသလို Color ပိုင်းမှာလည်း
sRGB 99.86%
AdobeRGB 85.76%
DCI-P3 79.94% ရှိတဲ့အတွက် Color Gamut က Photo and Video Editing တွေမှာလည်းကောင်းကောင်းအသုံးချနိုင်လို့ နေ့လည်ခင်းအလုပ်လုပ်ပြီး ညဘက်ဂိမ်းဆော့ချင်တဲ့သူများအတွက် သင့်တော်တယ်ဆိုနိုင်ပါတယ်။ YouTube နဲ့ Netflix ကရုပ်ရှင်တွေ Video တွေကို Screen မှာကောင်းကောင်းအရသာခံနိုင်ပါတယ်။ screen ရဲ့ brightness က 270nits ဆိုတော့ အရမ်းလင်းလွန်းတဲ့နေရောတွေလောက်ကလွဲရင် အဆင်ပြေပြေသုံးနိုင်ပါတယ်။ သဘောကျစရာတစ်ခုက screen ဟာ 180°အထိလှန်လို့ရတဲ့အတွက် အလုပ်မှာ presentation တွေပြဖို့လိုလာရင်လည်းအဆင်ပြေပါတယ်။

Keyboard and Trackpad

Keyboard အကြောင်းကိုပြောရရင် Pulse 15 B13V ဟာ အရင်မော်ဒယ်ထက် ပိုမိုကောင်းမွန်လာတယ်ဆိုနိုင်ပါတယ်။ အရင်မော်ဒယ်မှာတုန်းက RGB Lights ပါတယ်ဆိုပေမယ့် Zone ကလဲတစ်ခုတည်းသာဖြစ်ပါတယ်။ အခု Pulse 15 B13V မှာတော့ 4-Zone RGB ကို အသုံးပြုလာပါတယ်။ ဒါတင်မက ကီးဘုတ်မှာ gaming ဆန်ဆန် power key၊ WASD key နဲ့ arrow key တွေကို သိသာထင်ရှားအောင် အကြည်လေးတွေလုပ်ပေးထားတာကိုလည်း တွေ့ရပါတယ်။


RGB အရောင်တွေကို MSI Center ထဲက Mystic Light မှာကို စိတ်ကြိုက် effect တွေပြောင်းနိုင်ပါတယ်။ သူ့ RGB မီးရောင်က ကြည့်ရတာအဆင်ပြေသလို အလင်းအားလည်း အတော်ကိုကောင်းပါတယ်။


Pulse 15 မှာ စာရိုက်ရတဲ့ဖီလင်ကကောင်းမွန်တယ်လို့ဆိုနိုင်ပြီး အသံဆူညံတာတွေမရှိပါဘူး။ Key တစ်ခုနဲ့တစ်ခုအကြားအကွာအဝေးကလဲကောင်းမွန်ပြီး စာလုံးတွေမှားရိုက်မိတာမျိုးလဲမရှိပါဘူး။ Key တစ်ခုခြင်းရဲ့တုံ့ပြန်မှုတွေကလဲကောင်းမွန်ပါတယ်။ ညာဘက်ခြမ်းမှာဆိုရင်လည်း Numpad အပြည့်အစုံပါဝင်တဲ့အတွက် စာရင်းဇယားတွေကိုင်တွယ်ရမဲ့သူတွေအတွက်အဆင်ပြေမှာဖြစ်ပါတယ်။ ဂိမ်းဆော့တဲ့အခါမှာလည်း အရင်နှစ်မော်ဒယ်တုန်းကလို အဆင်ပြေပြေကစားနိုင်တာကိုတွေ့ရပါတယ်။


Pulse 15 ရဲ့ Trackpad ဟာ အရွယ်အစားအားဖြင့် အနည်းငယ်သေးတယ်လို့ဆိုနိုင်ပြီး သီးခြား key တွေမပါပါဘူး။ အရင်မော်ဒယ်နဲ့ လုံးဝတူမနေအောင် Trackpad ပေါ်မှာ Gaming ဆန်တဲ့ texture အနည်းငယ်ထည့်ပေးထားပါတယ်။ Windows Precision Driver နဲ့ Trackpad ကိုအစဉ်ပြေပြေသုံးနိုင်‌ပေမယ့် click တွေနှိပ်တဲ့အခါ အနည်းငယ်အားစိုက်ဖိဖို့လိုပါတယ်။

Ports

Port တွေအနေနဲ့ Pulse 15 ဟာ အရင် GL66 နဲ့ IO port နေရာအထားအသိုတွေအတူတူပဲလို့ဆိုနိုင်ပါတယ်။ 13th Gen တွေမှာ USB4 နဲ့ Thunderbolt 4 တွေကိုအထောက်အပံ့ပေးပေမယ့် ဒီမှာထည့်ပေးထားတာမတွေ့ရသလို SD Card Reader လည်းမပါဝင်ပါဘူး။


ဘယ်ဘက်မှာ Charging Port၊ USB 3.2 Gen 1 တစ်ခုနဲ့ နဲ့ USB 2.0 ၁ခုပါပါတယ်။


ညာဘက်မှာတော့ LAN အတွက် RJ-45 jack တစ်ခု၊ HDMI 2.1 Port HDMI Port (8K 60Hz/4K 120Hz) တစ်ခု၊ DisplayPort အနေနဲ့ပါ အသုံးပြုနိုင်တဲ့ USB 3.2 Gen2 Type-C တစ်ခု၊ USB 3.2 Gen 1 နဲ့ 3.5mm Audio Combo Jack တစ်ခုပါပါတယ်။

Webcam

Video Call တွေအတွက် Webcam ရဲ့ ရုပ်ထွက်က အရမ်းမိုက်တဲ့အထဲမပါပေမယ့် ကောင်းတယ်လို့ပြောနိုင်သလို အလင်းသိပ်မရှိတဲ့နေရာမှာလည်း ကောင်းကောင်းမြင်ရပါတယ်။


IR Camera ရော Finger Print Reader ရောမပါတဲ့အတွက် PIN code ရိုက်ပြီးသာ log-in ဝင်ရမှာပါ။

Audio

Audio ပိုင်းကိုပြောရမယ်ဆိုရင် MSI Pulse 15 မှာ 2w Speaker ၂လုံးကို Laptop ရဲ့ အောက်ဘက်ဘယ်ညာထောင့်‌တစ်ခုစီမှာနေရာချထားပါတယ်။ သူ့စျေးတန်းနဲ့သူဆိုရင် Speaker တွေရဲ့အသံထွက်က အတော်လေးအားနည်းတယ်လို့ဆိုနိုင်ပြီး ဒီစျေးတန်းမှာဆို ဒီထက်ပိုကောင်းနေသင့်တယ်လို့ထင်ပါတယ်။

Pulse 15 မှာ Headphone နဲ့ Mic အတွက် 3.5mm Audio Combo Jack တစ်ခုပါဝင်ပြီး Gaming Headset အများစုနဲ့အဆင်ပြေပြေသုံးနိုင်မှာပါ။ Headphone အတွက် 24-bit 192KHz အထိရတဲ့ HiRes Audio ကိုထုတ်ပေးနိုင်တယ်လို့ဆိုထားပါတယ်။ Audio Jack က ထုတ်ပေးတဲ့အသံကတော့ အတော်လေးကောင်းပါတယ် သီချင်းတွေဘာတွေနားထောင်ကြည့်ရတာလည်းမိုက်ပါတယ်။

ဂိမ်းဆော့ကြည့်ရာမှာတော့ Nahimic Audioမှာပါတဲ့ surround ထက် Windows Sonic for headphones ကို တွဲဖက်အသုံးပြုပြီး ကစားတာက surround ပိုကောင်းတယ်လို့ခံစားရပါတယ်။ Surround အသံထွက်ပိုကောင်းအောင် Dolby သွင်းကြည့်တဲ့အခါမှာ
လည်း Speaker နဲ့ အလုပ်လုပ်တယ်ပေမယ့် အသံကထူးခြားလာတယ်လို့ မခံစားရပါဘူး။

သူမှာမူလပါဝင်တဲ့ mic ဟာ ပုံမှန်အခြေအနေမှာဆို ကြည်လင်တဲ့အသံကိုဖမ်းပေးနိုင်သလို အကယ်၍ Cooler Boost ဖွင့်ထားချိန်မှာတောင် fan အသံက mic မှာ သိပ်မကျယ်ပါဘူး။ မိမိပတ်ဝန်းကျင်ကဆူညံနေတယ်ဆိုရင် Nahimic Audio က noise suppression ကိုဖွင့်သုံးနိုင်ပါတယ်။

Storage

Pulse 15 မှာ 1TB ရှိတဲ့ Samsung MZVL41T0HBLB PCIE 4.0 NVME SSD ကိုထည့်‌ထားပါတယ်။ SSDဟာ PCIE 4.0 ဆိုပေမယ့် သူရဲ့ Read/Write နှုန်းတွေဟာ PCIE 3.0 NVME SSD တွေထက် အနည်းငယ်သာပိုပါတယ်။ စွမ်းဆောင်ရည်အတိအကျကို Benchmark ပုံမှာကြည့်ပါ။


SSD ရဲ့ Capacity ဟာ 1TB ရှိတဲ့အတွက် သုံးရတာအတော်လေးအဆင်ပြေပါတယ်။ ဒါပေမယ့် Slot အပိုမပါဝင်တဲ့အတွက် Storage လိုအပ်ရင်ထပ်တိုးဖို့ရာလက်ရှိတပ်ထားတဲ့ SSD ကို လဲလှယ်ရမှာမို့သိပ်အဆင်မပြေပါဘူး။

Battery ‌and Power Adapter

Pulse 15 မှာ Battery ပိုင်းအနေနဲ့ဆိုရင် တိုးတက်မှုရှိလာတယ်လို့ဆိုနိုင်ပြီး 90WH ရှိတဲ့ 4Cell Li-Po battery ကိုထည့်သွင်းပေးလာပါတယ်။ ဒါကြောင့် ဘက်ထရီသက်တမ်းကို ပိုလိုအပ်တဲ့သူတွေအကြိုက်တွေ့မှာပါ။ ဒီလိုပိုကြီးတဲ့ ဘက်ထရီထည့်ထားပေမယ့် အလေးချိန်ကမဆိုစလောက်လေးတိုးလာတာမို့ အဆင်ပြေတယ်လို့ဆိုနိုင်ပါတယ်။ adaptor 250W လောက်ရှိပြီး ပုံမှန်ပဲလို့ဆိုနိုင်ပါတယ်။

Utility Software

Gaming Laptop တွေမှာ Utility Software တစ်ခုပါလေ့ရှိပါတယ်။ MSI မှာဆိုရင်တော့ MSI Center ပါ သူက ကိုယ်သုံးမဲ့ function အလိုက်အတွက် Setting ချိန်လို့ရမယ်၊ ဘက်ထရီခံအောင်သုံးမှာလား စွမ်းဆောင်ရည်အပြည့်သုံးမှာလားစတဲ့ Power တွေချိန်လို့ရမယ်၊ စက်ရဲ့ အပူချိန်နဲ့အမြန်နှုန်းတွေ ဘက်ထရီအခြေအနေတွေကြည့်လို့ရမယ်။


ဂိမ်းတစ်ခုခြင်းကို Optimistize လုပ်ပေးမဲ့ Gaming Mode လည်းပါဝင်ပါတယ်။ နောက်ပြီး Esport ဂိမ်းတွေမှာ ကိုယ့်ရဲ့ Gameplay ကို record လုပ်ပြီး social media ပေါ်တင်နိုင်မဲ့ Game Highlights လည်းပါပါတယ်။ MSI Center ဟာ အရင်လို features တွေအများကြီးမထည့်ပေးထားပဲ ကိုယ်အမှန်တကယ်သုံးမယ့် features တွေကိုတစ်ခုခြင်းသွင်းရတာဖြစ်တဲ့အတွက်သဘောကျမိပါတယ်။

Testing Methodology

Pulse 15 B13V ရဲ့စွမ်းဆောင်ရည်ကို သိရှိရဖို့အတွက် CPU တွေ GPU တွေရဲ့ စွမ်းပကား ဘယ်လောက်အထိ ရနိုင်မလဲဆိုတာသိရဖို့အတွက် စမ်းသပ်ရာမှာဘက်ထရီကလွဲလို့ စမ်းသပ်မှုအားလုံးကို Extreme Performance Mode မှာသာ စမ်းသပ်ထားတာဖြစ်ပါတယ်။ CPU Benchmark အတွက် Cinebench R15၊ Cinebench R20, Cinebench R23, Cinebench 2024 နဲ့ Geekbench 6 ကို ထည့်သွင်းစမ်းသပ်ထားပါတယ်။ Overall Performance အတွက်ကတော့ PCMark 10 နဲ့စမ်းသပ်ထားပါတယ်။

Productivity အတွက်ဆိုရင် Blender၊ Corona နဲ့ Vray ကိုထည့်သွင်းစမ်းသပ်ထားပါတယ်။ Gaming Performance အတွက် Pulse 15 B13V ကို 3DMark အပြင် နာမည်ကြီးဂိမ်း ၁၃ခုနဲ့စမ်းသပ်ထားပါတယ် အများစုက AAA ဂိမ်းတွေဖြစ်ပြီး resolution ကိုတော့ 1080P ရဲ့ Ultra (သို့မဟုတ်) Very High setting တွေမှာ စမ်းသပ်ထားပါတယ်။

Storage အတွက် CrystalDiskMark နဲ့စမ်းသပ်ထားပါတယ်။ Benchmark တွေစမ်းလို့ရလာတဲ့ အသေးစိတ်ကို graph တွေနဲ့ပြထားပေးပါတယ်။ Benchmark အားလုံးကို Windows 11 Version 23H2 နဲ့ GeForce Driver Version 551.86 မှာစမ်းသပ်ထားပါတယ်။

Benchmarks

Pulse 15 B13V မှာ အသုံးပြုထားတဲ့ Core i7-13700H ဟာ 13th Gen Raptor Lake CPU ဖြစ်ပြီး Alder Lake တွေလိုမျိုး Hybrid Design ကို ဆက်လက်အသုံးပြုထားပါတယ်။ ဒီ CPU ဟာ ယခင် Pulse GL66 မှာ သုံးခဲ့တဲ့ Core i7-12700H ထက် အချို့ Benchmark တွေမှာအနည်းငယ်ပိုမိုသာလွန်နေတာကိုတွေ့ရပါတယ်။ မြင်သာအောင် Core i7-12700H ကိုစမ်းသပ်ခဲ့စဥ်က result တစ်ခုနဲ့ နှိုင်းယှဥ်ပြပေးထားပါတယ်။







သူ့မှာတပ်ဆင်ထားတဲ့ RTX 4000 series အနွယ်ဝင် RTX 4060 ဟာ စွမ်းအားကောင်းမွန်ပြီး ဂိမ်းအများစုကို FPS 110 အထက်မှာကောင်းစွာ ကစားနိုင်တာကိုတွေ့ရပါတယ်။



RTX 4000 series GPU တွေဟာ RT Cores တွေပါဝင်တဲ့အပြင် DLSS 3 ကို အထောက်အပံ့ပေးတဲ့အတွက် အချို့ဂိမ်းတွေကို Ray Tracing နဲ့ DLSS အပြင် DLSS 3 ရဲ့ frame generation ကိုပါ setting အမျိုးမျိုးနဲ့ စမ်းသပ်ပေးထားပါတယ်။



Cyberpunk 2077 မှာဆိုရင် graphics အရမ်းစားပါတယ်ဆိုတဲ့ Path Tracing ကိုဖွင့်ထားချိန်မှာ ပုံမှန်ဆို 17 fps သာရတဲ့အတွက် ကစားလို့ အဆင်မပြေပေမယ့် DLSS နဲ့ frame generation ကိုအသုံးပြုမယ်ဆိုရင် 60 fps ဝန်းကျင်မှာ ချောချောမွေ့မွေ့ကစားလို့ အရမ်းမိုက်ပါတယ်။ ဒီအတွက် Night City ရဲ့အလှအပကို Path Tracing သုံးကာစီးမျောနိုင်မှာဖြစ်ပါတယ်။


ဘက်ထရီစွမ်းဆောင်ရည်ကို Audio Level and Brightness 50% နဲ့ Power Balanced Mode မှာ Netflix ကြည့်တာ ၆နာရီနီးပါးကြည့်လို့ရပြီး Katana 15 B13Vထက်၁နာရီနီးပါးပိုများပါတယ်။ ဒီထက်နည်းတဲ့workloads တွေနဲ့ battery saving mode တွေမှာထားရင် ပိုခံမယ်လို့ထင်ပါတယ်။ ဂိမ်းဆော့မယ်ဆို၁နာရီကျော်သာရပါတယ်။ အားပြန်သွင်းတဲ့အခါ ၂နာရီခွဲဝန်းကျင်ကြာမြင့်ပါတယ်။

Temperatures and Noise

Pulse 15 ရဲ့ Cooling System မှာ Heatpipe ၅ချောင်း နဲ့ GPU Cooling အတွက် Fan ၁ခုနဲ့ CPU Cooling အတွက် fan ၁ခုကိုထည့်ပေးထားပါတယ်။ ဂိမ်းကစားတဲ့အခါ Fan ကို‌ Auto Mode မှာထားကစားရင် အများဆုံး CPUက 86°C နဲ့ GPU က 77°C လောက်တက်လာပြီး Cooler Boost သုံးပြီးကစားမယ်ဆိုရင် CPU က 82°C နဲ့ GPU က 71°C အထိ ကျဆင်းသွားတာတွေ့ရပါတယ်။ အသေးစိတ်ကိုပုံမှာပြထားပါတယ်။


ဒီ Laptop မှာတစ်ခုကောင်းတာက Game ဆော့နေတဲ့အချိန် keyboard က မပူလာပဲ လက်ကချွေးစေးတောင်မပြန်ပါဘူး အပူဆုံးနေရာတောင်မှနွေးရုံလေးသာနွေးပါတယ်။ ဘေးဘက်က exhaust ကဘယ်ဘက်မှာသာရှိတဲ့အတွက် ဂိမ်းဆော့တဲ့အခါအနှောင့်အယှက်ကင်းကင်းနဲ့ဆော့နိုင်ပါတယ်။


ဆူညံမှုဘက်ကိုပြောရရင် Pulse 15 ဟာ ရဲ့ fanဟာ ရိုးရိုးအခြေအနေမှာရော ဂိမ်းဆော့နေတဲ့အချိန်မှာပါ အတော်လေးတိတ်ဆိတ်ပါတယ်။ အပူပိုစွန့်ထုတ်နိုင်အောင် Cooler Boost ကိုဖွင့်သုံးမယ်ဆိုရင် အသံအတော်လေးဆူလာပါတယ်။ ဒါပေမဲ့ MSI Center မှာ AI Engine ပါတဲ့အတွက် အပူချိန်အပေါ်မူတည်ပြီး fan ကိုအတိုးအလျော့လုပ်ပေးနိုင်တဲ့အတွက် အသံသိပ်မဆူအောင်လုပ်ထားနိုင်ပါတယ်။ အသေးစိတ်ကို ပုံမှာပြထားပါတယ်။

Clock Speed and Power Draw

Clock Speed ပိုင်းကိုပြောရရင် Core i7-13700H ဟာ အချို့သော Benchmark တွေမှာဆို Single Core မှာ P-Cores ဟာ 4.8GHz အထိရပါတယ်။ ဂိမ်းဆော့နေချိန်မှာဆို အချို့ဂိမ်းတွေမှာ P-Cores တွေဟာ 4.7GHzအထိရပြီး E-Cores တွေက 3.5GHz ဝန်းကျင်မှာရှိပါတယ်။ CPU Rendering လုပ်ချိန်မှာ Multi Core မှာ‌‌တော့ P-Cores တွေဟာ 4.2GHz နဲ့ E-cores တွေဟာ 3.3GHz အထိသာ အများဆုံးတွန်း‌ပေးတာတွေ့ရပါတယ်။

ပါဝါသုံးစွဲမှုအနေနဲ့ Benchmark တွေအရ Single Core CPU Rendering မှာ 25W နဲ့ Multi Core CPU Rendering လုပ်နေချိန်မှာ CPU ဟာ ပုံမှန် 105W အထိသုံးနေပြီး တစ်ခါတရံမှာတော့ 115W အထိထိုးတက်သွားတာတွေ့ရပါတယ်။ CPU ကိုပါဝါသိပ်မပေးချင်ရင် Intel Extreme Tuning Utility မှာ ပါဝါပိုင်းကိုအတိုး‌အလျော့လုပ်လို့ရပါတယ်။ ဒါပေမယ့် Unlock CPU မဟုတ်တာမို့ Overclocking နဲ့ E-cores တွေကိုပိတ်ထားမျိုးတွေတော့ လုပ်လို့မရနိုင်ပါဘူး။

GPU ကတော့ ပုံမှန်ဂိမ်းကစားရင် CPU က 40W လောက်သုံးပြီး GPUက 115W လောက် သုံးနေပါတယ်။ အကယ်၍ GPU ကိုအရမ်းအသားပေးတဲ့ workload တွေမှာဆို CPU က 17W ဝန်းကျင်လောက်သာရှိပါတယ်။ ဒီအချိန်မှာ CPU အတွက်မလိုတဲ့ပါဝါတွေကို Dynamic Boost နည်းပညာနဲ့ GPU ကိုလွှဲပြောင်းပေးလိုက်ပြီး GPU ဟာ 139W လောက်အထိသုံးလာပါတယ်။

The Good

  • 320Hz Screen with reduced ghosting
  • Good Battery Life
  • Much quieter than other MSI gaming laptops

The Bad

  • Only 1 PCIe SSD slot
  • Gaming performance is not significantly different from the Katana 15 B13V
  • Bad Speakers

Conclusion

အချုပ်ဆိုရရင် Pulse 15 B13V ဟာ Core i7-13700H Processor နဲ့ RTX 3060 ကြောင့် စိတ်ကျေနပ်စရာစွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ပါတယ်။ သူ့ရဲ့ ghosting နည်းပါးတဲ့ 320Hz Screen ကလည်း Esports ဂိမ်းတွေကို သွက်သွက်လက်လက်ကစားနိုင်ပါတယ်။ ဘက်ထရီပိုင်းမှာလည်း အထိုက်အလျောက်ကောင်းမွန်တယ်လို့ဆိုနိုင်ပြီး ဒီဇိုင်းပိုင်းမှာ အရင်မော်ဒယ်နဲ့အတော်ဆင်တူတာကလွဲရင် သိသာတဲ့တိုးတက်မှုတွေကို မြင်တွေ့ရပါတယ်။ ဒါပေမယ့် Storage အတွက် SSD တစ်ခုတည်းရတာနဲ့ Speaker တွေပိုင်းမှာတော့ အားနည်းချက်တစ်ခုအဖြစ်မြင်ရပါတယ်။ MSI Pulse 15 B13V ရဲ့ဈေးနှုန်းကတော့ $1899လို့သိရပြီး လက်ရှိ promotionအရ Cash Back $400 ရှိလို့ $1499 လောက်ကျသင့်မှာဖြစ်ပါတယ်။

ကျနော့်အနေနဲ့ တစ်ခုတောင်းဆိုလိုတာက ဒီလို Review တွေအတွက် ကျနော့်မှာနာရီပေါင်းများစွာစမ်းသပ်ထားရပါတယ်။ ဒီလို review တွေရေးပြီးချိန်မှာ မိတ်ဆွေတို့ရဲ့ Like တစ်ချက် Share တစ်ခုဟာ နောက်စာတွေဆက်ရေးဖို့ကျနော့်ကိုများစွာအားတက်စေတာမို့ သဘောကျနှစ်သက်တယ်ဆိုလို့ရှိရင် Page လေးကို Like and Share လုပ်ပေးခြင်းဖြင့်ကူညီပါလို့တောင်းဆိုလိုက်ပါတယ်။ ကျနော့်ကို Review Unit ပေးတဲ့ MSI Gaming ကိုလည်းအထူးကျေးဇူးတင်ပါတယ်။

#EnThueTech
#Review
#Gaming #Laptop
#MSI #Pulse15 #RTX4060

Post a Comment

0 Comments